၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ချောက်ရေနံမြေ မှ လုံခြုံရေးအဆင့်(၃) ဦးထန်နိုင်း အဖွဲ့ နှင့် ချောက်ရေနံမြေ လုံခြုံရေးတပ်စုမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် သက်သေ များ နှင့်အတူ ရေနံမြေအတွင်း လှည့်ကင်း ဆောင် ရွက်နေ စဉ် ချောက်ရေနံမြေ ၀ဲကြီးကုန်း၊ ကင်းရုံ နယ်မြေ ရေနံတွင်း အမှတ်-၁၀၉၇ အနီးတွင် မသင်င်္ကာဖွယ် လူ(၅)ဦး အား တွေ့ရှိရ၍ စစ်ဆေးရာ ၎င်းတို့(၅)ဦးမှာ ချောက်မြို့၊ အုံမြားရွာသစ် ရပ်ကွက်နေသူ လူမော်(ခ) ပတ်ကြား (၂၉)နှစ် နှင့် တစ်ရပ်ကွက်တည်း နေသူများဖြစ်သော မျိုးဝေယံ (၁၉)နှစ်၊ ဇော်မင်း(၂၃) နှစ်၊ မိုးလွင် (၂၈)နှစ်၊ အောင်မင်း (၃၀)နှစ် တို့ဖြစ်ပြီး ၎င်းတို့ထံတွင် ရေနံခပ်ရာတွင် အသုံးပြုသော ရေနံများ ပေနေသည့် စတီးဇလုံ(၁)လုံး၊ ရေနံများပေနေသော အပြာရောင် ဘောင်းဘီတို (၁)ထည်/ အ၀ါရောင်ပုဆိုး (၁)ထည်၊ လောက်လေးခွ (၂)လက်တို့နှင့် အတူ ရေနံများ ခိုးယူရန် ရေနံတွင်းအနီး ကျူးကျော် ရောက် ရှိ နေကြောင်း စစ်ဆေးတွေ့ ရှိရသဖြင့် လူမော်(ခ) ပတ်ကြား ပါ(၅)ဦးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၃/၂၀၁၆၊ ပြည်သူပိုင် ပစ္စည်းကာကွယ် စောင့်မှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment