Sunday, January 24, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၃ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၂၁)လမ်းတွင် မီးလောင်မှု  ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ အမှတ် (၁၁) ရပ်ကွက်၊ (၂၁)လမ်းနေ စိန်လျှံထက် ပဲကြော်လုပ်ငန်း လုပ်ကိုင်သူ ဦးကျော်ကျော် (၅၃)နှစ်၏ (၄x၄)ပင်၊ သွပ်မိုးအုတ်ကာ မြေစိုက် အုတ်တိုက်၏ နောက်ဖေးတွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရန် အတွက် ဆောက် လုပ် ထားသော (၂၀x၁၅)ပေ သွပ်မိုး၊ မျှောတိုင်စိုက် (အကာမရှိ) တဲအတွင်း ပဲကြော်ရန် အတွက် တည်ထား သည့် ဆီဒယ်အိုးမှ အပူလွန်ကဲပြီး နေ့ (၁၁)နာရီ (၅၂)မိနစ်အချိန် စတင်မီးကူးစက် လောင်ကျွမ်းခဲ့ရာ ခရိုင်မီးသတ် လက်ထောက် ညွှန်မှူး ဦးကျော်နိုင် ဦးစီး မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဦးစီးတပ်ဖွဲ့ဝင် (၂၃) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် (၃၀)ဦး၊ ပြည်သူ(၁၀၀)ဦးတို့မှ မြို့နယ်မီးသတ်ယာဉ် (၄)စီး၊ အမှတ် (၁၁) ရပ်ကွက် အရန်မီးသတ်ယာဉ် (၂)စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နေ့လည် (၁၂)နာရီ (၁၅)မိနစ် အချိန် မီးငြိမ်းသွားခဲ့၊ မီးလောင်မှုကြောင့် (၂၀x၁၅)ပေ သွပ်မိုးမျှောတိုင်စိုက် (အကာမရှိ)တဲ (၁)လုံး (တန်ဘိုး ၅၀၀၀/-ခန့်) ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာ သုံးစွဲသူ ကျေကျော်အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video