Thursday, January 21, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် (၄)နာရီ(၁၀)မိနစ် အချိန်ခန့် ပခုက္ကူဆေးရုံကြီးတွင် ယာဉ်မတော် တဆဖြစ်၍ လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ နံနက် (၃)နာရီ (၄၀)မိနစ်အချိန်ခန့်က ပခုက္ကူ-ပေါက် ကားလမ်းအတိုင်း ပခုက္ကူမြို့ဘက်မှ ပေါက်မြို့ဘက်သို့ မုံရွာမြို့နေသူ မင်းသူ(ခ) မျိုးမင်းထွန်း (၂၉)နှစ်မောင်းနှင်ပြီး မုံရွာမြို့၊ အမှတ်(၄) ရပ်ကွက်နေသူ ဟန်စိုးဘို (၂၂)နှစ် လိုက်ပါလာသည့် 9H/xxxx MAZDA TITAN အဖြူရောင် ယာဉ်သည် ပခုက္ကူမြို့၊ ကွန်ပျူတာ တက္ကသိုလ်အနီး မိုင်တိုင်အမှတ် (၇/၃) အရောက်တွင် ကား၏ ယာဘက်ရှေ့ဘီး ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဟန်စိုးဘိုတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ မင်းသူ(ခ) မျိုးမင်းထွန်းအား ပခုက္ကူ မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂ဝ၁၆၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video