Thursday, January 21, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် (၁)နာရီ(၁၅)မိနစ်အချိန်ခန့် ပေါက်-ပခုက္ကူကားလမ်း မိုင်တိုင်အမှတ် (၂၈/၁) အနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ပေါက်-ပခုက္ကူ ကားလမ်းအတိုင်း ပခုက္ကူမြို့မှ ပေါက်မြို့ဘက်သို့ ပေါက်မြို့၊ အောင်တံခွန် ရပ်ကွက်နေသူ ကျော်ဇင်ဝင်း (၃ဝ)နှစ် မောင်းနှင်ပြီး ပေါက်မြို့၊ ရွှေပေါက်ပင်ရပ်ကွက် နေသူ ယာဉ်နောက် လိုက် ဇော်နိုင်မိုး (၁၆)နှစ်နှင့် ခရီးသည် ကျား(၂)ဦး မ(၂)ဦး လိုက်ပါလာသည့် ၁ခ/xxxxx ROSA ဖြူပြာ ကြားရောင် စိန်ပြည့်ဖြိုး ခရီးသည်တင်ယာဉ်သည် ယာဉ်ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက် မြေသားနံရံအား ဝင်ရောက်တိုက်မိသဖြင့် ယာဉ်မောင်း ကျော်ဇင်ဝင်း၊ ယာဉ်နောက် လိုက် ဇော်နိုင်မိုးနှင့် ယာဉ်ပေါ် လိုက်ပါလာသော ပေါက်မြို့နယ်၊ ငမို့လေး ကျေးရွာနေသူ မကြည်အေး (၄၈)နှစ် အပါအဝင် ခရီးသည် ကျား(၂)ဦး၊ မ(၂)ဦးတို့တွင် မစိုးရိမ်ရသော ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်ဇင်ဝင်းအား ပေါက်မြို့နယ်၊ ရေပြာ နယ်မြေရဲစခန်း ယာဉ်(ပ) ၃/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video