Thursday, January 21, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက် 
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့် နတ်မောက်မြို့နယ်၊ ကန်ကြီးကုန်း ကျေးရွာအနီး၊ နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် (၄၉/၅)ရှိ နွားမျှောချောင်း ရေကျော် ကုန်းအတက်တွင် ယာဉ်မတော်တဆမှု ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း နတ်မောက်မြို့ဘက်မှ ကန်ကြီးကုန်း ကျေးရွာဘက်သို့ ကန်ကြီးကုန်း ကျေးရွာနေသူ သန်းလင်းထွန်း (၃ဝ)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ခရီးသည် (၂ဝ)ဦး လိုက်ပါလာသော 3J/xxxx ဖောအပြာရောင် ယာဉ်သည် ကုန်းအတက်တွင် နောက်ပြန် လျှောကျ ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် (၂ဝ)ဦးအနက် ပွင့်ဖြူမြို့နယ်၊ မဲအင်းကျေးရွာနေသူ ဝင်းလှိုင် (၃၉)နှစ်သည် ယာဉ်ပေါ်မှ ပြုတ်ကျကာ ဦးခေါင်း အား နောက်ဘီးဖြင့် ကြိတ်မိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ သန်းလင်းထွန်း အား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video