Monday, January 18, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ (၁၆)ရက် ည (၁၂)နာရီ (၂၅)မိနစ် အချိန်ခန့် ပခုက္ကူမြို့နယ်၊ ကြီးရွာအနီး၊ ပခုက္ကူ-ရေစကြို ကားလမ်း မိုင်တိုင်အမှတ် (၅/၃)နှင့် (၅/၄)အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပခုက္ကူဘက်မှ ရေစကြိုမြို့နယ် ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး မြို့နယ်၊ တောင်ရွာနောင်(မ)ရွာနေသူ အောင်မြတ်မိုး (၁၉)နှစ် မောင်းနှင်ပြီး နောက်မှ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်နေသူ အောင်ကိုကို (၁၇)နှစ် လိုက်ပါလာသော ၂၉ယ/xxxxx SHAYAN-110 အစိမ်းရောင် ဆိုင်ကယ်သည် လားရာတူ လမ်းယာ ဘက်ဘေးတွင် စက်ပျက်၍ရပ်ထားသည့် ရေစကြိုမြို့နယ်၊ သဲတော ကျေးရွာနေသူ မောင်ညွန့် (ခ) ဥာဏ်ထွန်း (၃၆)နှစ်၏ ၉ဌ/xxxxx လီဖန်း အနက်ရောင် ဖောယာဉ် အား နောက်မှ ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ်လဲကျကာ အောင်မြတ်မိုးနှင့် အောင်ကိုကို တို့တွင် ဒဏ်ရာ များ အသီးသီးရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ အောင်မြတ်မိုးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁ဝ/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video