Wednesday, January 27, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် (၁၀)နာရီ (၄၀)မိနစ်အချိန်ခန့် မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက် ၊ တာဘောင်ကြီး လမ်း၊ ကမ္ဘာ့ရတနာ ဘဏ်ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ မကွေးမြို့နယ်၊ မိကျောင်းရဲကျေးရာနေသူ ယာဉ်မောင်း ကျော်ကျော်ဦး (၃၇)နှစ် မောင်းနှင်သော 8H/xxx LIGHT TRUCK အဖြူရောင် ယာဉ် သည် မင်းလှမြို့တွင်း ဘက်မှ မင်းဘူးဘက်သို့ ထွက်ခွာရန် ဘဏ်ရှေ့မှ တာဘောင်ကြီး လမ်းပေါ်သို့ ချိုးကွေ့ဖြတ်တက် မောင်းနှင် စဉ် ဘောင်ကြီးလမ်း အတိုင်း မြို့ပြင်ဘက်မှ မြို့တွင်းဘက်သို့ မောင်းနှင်လာသော မင်းလှမြို့၊ မြို့မရပ် ကွက်နေသူ သန်းထက်ဦး (၂၈)နှစ် မောင်းနှင်သည့် ၅ယ/xxxxx KENBO 125 အစိမ်းရောင် ဆိုင်ကယ်အား အရှိန် မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိ၍ သန်းထက်ဦး တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ကျော်ကျော်ဦးအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video