Wednesday, January 27, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ လှုပ်ရှားရဲကင်းမှ ရဲတပ်ကြပ် မြင့်ဌေးနှင့် အဖွဲ့သည် ဇန်န၀ါရီလ ၂၆ ရက်နေ့ ည (၉)နာရီခွဲ အချိန်ခန့်တွင် သတင်းအရ သက်သေ များ နှင့်အတူ ကလေး-မုံရွာ ကားလမ်းမပေါ် မိုင်တိုင်အမှတ် ၄၀ နှင့် ၄၁ အကြားတွင် ခရီးသည်တင် လိုင်းကား ယာဉ်များ အား စစ်ဆေးစဉ် SGG 7K/xxxx အောင်ကမ္ဘာ ခရီးသည်တင် ယာဉ်ပေါ်၌ ကျံပျော်မြို့နယ်၊ ကုန်းမြင့်သာကျေး ရွာနေသူ မမြင့်မြင့်ဝင်း (၄၄)နှစ် ထံမှ ငွေစက္ကူရောရာ (၅၄)သိန်း (၅)သောင်းကျပ်နှင့် အတူ ဖန်စီ လက်ကောက် (၂)ကွင်း (တန်ဖိုး ၇၀၀၀ိ/-)၊ ဖန်စီဆွဲကြိုး (၂)ကုံး (တန်ဖိုး ၇၀၀၀ိ/-)၊ ဖန်စီနားကပ်(၁)စုံ (တန်ဖိုး ၂၀၀၀ိ/-)၊ ဒေါ်နန်းကေသီ အမည်ပါ နိုင်ငံသား စိစစ်ရေးကဒ်၊ ဒေါ်နန်းကေသီ အမည်ပါ မော်တော် ယာဉ် မောင်း လိုင်စင်အား ရှာဖွေတွေ့ရှိရသဖြင့် မေးမြန်းရာ အဆိုပါ ငွေနှင့် ပစ္စည်းများအား ၄င်းပိုင် ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ၍ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် မမြင့်မြင့်ဝင်း အား ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်း (ပ)၆/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၅၄ အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video