Wednesday, January 27, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ အိုင်းမရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂/၂၀၁၆) ဖြင့် မင်းဘူး(စကု)မြို့နယ်၊ ကူရွာကျေးရွာနေသူ မမာမာမြင့် (၄၆)နှစ် ၏ နေအိမ်ဈေးဆိုင်သို့ ၀င်ရောက်ရှာဖွေရာ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက် စာတမ်းများနှင့် ငွေစက္ကူရောရာ (၇၀၅ိ/-)အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ မမာမာမြင့်အား မင်းဘူး(စကု) မြို့နယ်၊ စကုနယ်မြေရဲစခန်း (ပ)၁၈/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိ ပါသည်။

အလားတူ ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေ (၄)နာရီခွဲအချိန်ခန့် တွင် မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများ နှင့်အတူ အုန်းတော(၁) ရပ်ကွက်၊ ပန်းပဲတန်းလမ်းပေါ်တွင် စောင့်ဆိုင်းနေစဉ် အုန်းတော(၁) ရပ်ကွက်နေသူ ဟန်လင်းစိုး (၃၈)နှစ် နှင့် ဇနီး မသန်းသန်းဝင်း (၃၀)နှစ်တို့ စီးနင်းမောင်းနှင်လာသော ၂၅ယ/xxxx KENBO 110 အစိမ်းရောင် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ မသန်းသန်းဝင်း လွယ်ထားသော နက်ပြာရောင် လက်ကိုင်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများ၊ ဆက်စပ် ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ ၂၅၅၀ိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြုလုပ်သူ ဟန်လင်းစိုးနှင့် မသန်းသန်းဝင်း တို့အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်း (ပ) ၄၆/၂၀၁၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုရေးဖွင့် ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video