Tuesday, January 12, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၁ ရက်နေ့ ည(၁၀)ခွဲအချိန်ခန့် စလေ-မိုလာကားလမ်း၊ မိုင်တိုင်အမှတ် (၁/၇)နှင့် (၂/ဝ)အကြား ဥမှင် ကိုးပေါက် မြစ်ရေတင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ချောက်မြို့နယ်၊ ရသစ် ကျေးရွာနေ နေလင်းဇော် (၃၂)နှစ်မောင်းနှင်လာသည့် ၄ယ/xxxxx ရင်ဇင်း ၁၁ဝ အစိမ်းရောင်ဆိုင်ကယ်သည် စလေ ဘက်မှ မိုလာဘက်သို့ မောင်းနှင်လာစဉ် မိုလာဘက်မှ စလေဘက်သို့ ရသစ်ကျေးရွာနေ ကိုကိုဦး (၂၁)နှစ်မောင်းနှင်ပြီး မောင်ဖြိုးဇော်(၁၅)နှစ် လိုက်ပါ လာသည့် VEVEBO 125 အဝါရောင်ဆိုင်ကယ် တို့သည် လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိ ရာ နေလင်းဇော်မှာ အခင်းဖြစ် နေရာတွင် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကိုကိုဦးနှင့် ၊ မောင်ဖြိုးဇော်တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ နေလင်းဇော်နှင့် ကိုကိုဦးတို့ (၂)ဦးအား ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း ယာဉ်(ပ) ၁/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈/၃၃၇ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video