Tuesday, January 12, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၁၀ ရက်နေ့ ညနေ (၆)နာရီအချိန်ခန့် တောမ-မြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၅၄/၇ အနီး တွင် ယာဉ်ပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ တောမကျေးရွာဘက်မှ စို့ပြားကျေးရွာဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ နန့်တဲကျေး ရွာနေ ပြည့်ဖြိုးဦး(၂၂)နှစ် မောင်းနှင်လာသည့် ဟော်လန်အမျိုးအစား(၆)ဘီးအနီရောင်ယာဉ်ပေါ်တွင် ဘေလီ တံတားသံပေါင်များနှင့် အတူ ထီးလင်းမြို့နယ်၊ စို့ပြားကျေးရွာနေ နေ့စားအလုပ်သမား များဖြစ် သည့် ဦးထွေးမောင် (၃၅)နှစ်ပါ ကျား(၉)ဦးတို့အား တင်ဆောင် မောင်းနှင် လာစဉ် သံသေချောင်းကူး တံတား လမ်းလွှဲအတက်တွင် ဘေလီသံပေါင် (၄)ချောင်းနှင့်အတူ ဦးထွေးမောင်(၃၅)နှစ်နှင့် ဦးထိန်လင်း (၂၇)နှစ် တို့ ယာဉ်ပေါ်မှလျောကျခဲ့ပြီး ဦးထွေးမောင် ယာခြေ မျက်စေ့/ဖနောင့်/ခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ယာဘက် လက်မ/လက်ညိုးကြား ပွန်းရှဒဏ်ရာ၊ ယာဘက်နံရိုးအောင့်ဒဏ်ရာရရှိခဲ့ပြီး ဦးထိန်လင်းဦးတွင် ဝဲဘက်မေးရိုးပြား၊ ဝဲ/ယာ နားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ ယာဘက်ဂျိုစောင်းပေါက်ပြဲ၊ ဝဲဘက်လက်ဖျံ/ လက်ပြင်ပွန်းရှဒဏ်ရာ၊ နောက်ကျောဘက် ခါးအောက်(၅)လက်မခန့် ပွန်းရှဒဏ်ရာ၊ ယာလက်ပြင် ပွန်းရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ပြည့်ဖြိုးဦးအား ထီးလင်းမြို့နယ်၊ ကျင်း နယ်မြေ ရဲစခန်း ယာဉ်(ပ) ၁/၂ဝ၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုရေးဖွင့် ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video