၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၆ ရက်နေ့ ညနေ (၃)နာရီ အချိန်ခန့် မြိုင်မြို့နယ်၊ ကြည့်ကန်ကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၄၁၃/၆ နှင့် ၄၁၃/၇) အကြားတွင် ဆိုင်ကယ်နှင့် နွားလှည်း တိုက်မိကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း မြိုင်မြို့ဘက်မှ ကြည့်ကန်ကျေးရွာဘက်သို့ ကြည့်ကန်ကျေးရွာနေသူ ဒေါ်ဌေးမြိုင် (၄၆)နှစ် မောင်းနှင်သည့် နွားလှည်းနှင့် ၄င်းလမ်းအတိုင်း ကြည့်ကန် ရွာဘက်မှ မြိုင်မြို့ ဘက်သို့ ပခုက္ကူမြို့နယ်၊ အင်းဝိုင်း ကျေးရွာနေသူ အောင်လွင် (၃၇)နှစ် မောင်းနှင် ပြီး နောက် မှ တစ်ရွာတည်းနေ အောင်မင်းဇော် (၃၅)နှစ် လိုက်ပါလာသည့် ၃၃ယ/xxxxx FOLLOWME 125 နီနက် ကြားရောင် ဆိုင်ကယ်တို့ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိ ပြီး အောင်လွင်နှင့် အောင်မင်းဇော် တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် နွားလှည်းမောင်းနှင်သူ ဒေါ်ဌေးမြိုင်နှင့် ဆိုင်ကယ် မောင်းနှင်သူ အောင်လွင် တို့အား အရေးယူပေးရန် မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment