Thursday, January 7, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲကင်းစခန်းမှ ရဲကင်းစခန်းမှူး ဦးစီး ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၅ ရက်နေ့ ည(၉)နာရီအချိန်ခန့် မြိုင်မြို့နယ်၊ အိုးရင်းကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အိုးရင်း ကျေး ရွာနေသူ သာဟန် (၅၄)နှစ်မှာ ၎င်း၏ (၃x၂)ပင် မြေစိုက်၊ ၀ါးထရံကာ၊ ထန်းလက်မိုး နေအိမ်တွင် တစ်ဦး တည်း နေထိုင်သူဖြစ်ပြီး စီးပွားရေးအဆင်မပြေ၍ စိတ်ဖိစီးမှုဖြစ်ကာ ၄င်း၏ နေအိမ်အား ကိုယ်တိုင် မီးရှို့ခဲ့သဖြင့် ရွာသူ/သားများမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ (၉)နာရီခွဲ အချိန်ခန့်မီးငြိမ်း သွား ခဲ့ပြီး တန်ဖိုး (၂၅၅၀၀၀ိ/-)ခန့် ဆုံးရှုံးခဲ့သောကြောင့် နေအိမ်အား မီးရှို့သူ သာဟန်အား အရေးယူ ပေးရန် ၆.၁.၂၀၁၆ ရက်နေ့ ၀၂၃၅ အချိန် အိုးရင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ တရားလို ပြုလုပ် တိုင်တန်း သဖြင့် မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video