၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ အမှတ်(၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် ဇန်န၀ါရီလ ၆ ရက်နေ့ နေ့လည်(၂)နာရီ အချိန်ခန့် မကွေးမြို့၊ အောင်မင်္ဂလာအုပ်စု၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်းနှင့် (၃)လမ်းထောင့်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သုခိတာလမ်းအတိုင်း မြို့ပတ်လမ်းဘက်မှ မြို့တွင်း ဘက်သို့ မကွေးမြို့၊ အောင်ဇေယျာ ရပ်ကွက် နေသူ ဇင်လင်းပိုင် (၁၃)နှစ်မောင်းနှင်သော ၃၉ယ/xxxx HIANBO125 ခဲနက်ရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ဦးရဲသောင်း ၏ နေအိမ်ခြံစည်းရိုးအား ၀င်ရောက်တိုက်မိပြီး ဇင်လင်းပိုင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ဇင်လင်းပိုင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေ ရဲစခန်း ယာဉ်(ပ) ၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment