၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေ ကမ္ဘောဇဘဏ် မန်နေဂျာ ဖြစ် သူ ဒေါ်နီလာကို (၃၉)နှစ်သည် ဇန်န၀ါရီလ ၅ ရက်နေ့ နေ့လည် (၁)နာရီ (၃၇)မိနစ် အချိန်ခန့် ကမ္ဘောဇဘဏ် တွင် အလုပ်လုပ်နေစဉ် ဘဏ်အောက်ထပ် (ကျား)သန့်စင်ခန်းဘက်မှ မီးခိုးများထွက် လာ၍ လုံခြုံရေးဝန်ထမ်းများနှင့် သွားရောက်ကြည့်ရှုစဉ် ပေါက်မြို့နယ်၊ လက်ပံတိုရေနံမြေ (ပစ္စည်းစီမံဌာန/ အထက်တန်းစာရေး) ဖြစ်သူ မျိုးဆက်(၂၈)နှစ်သည် သန့်စင်ခန်းဘက်မှ ထွက်ပြေး လာကာ ငွေ ထုတ် ကောင်တာအတွင်း ဝင်ရောက်လာ၍ ဝိုင်းဝန်းထိန်းသိမ်းခဲ့ပြီး ၎င်းထံမှ ဂက်စ်မီးခြစ် တစ်လုံးနှင့်ဓါတ်ဆီ ထည့်ထားသည့် ပလပ်စတစ်ဗူးတစ်ဗူး တို့အားတွေ့ရှိရ၍ CCTV မှတ်တမ်းများအရ (ကျား) သန့်စင်ခန်းအတွင်းသို့ မျိုးဆက် တစ်ဦးတည်း ဝင်/ထွက်ခဲ့ကြောင်း၊ အခြားမည်သူမျှ ဝင်/ထွက် ခြင်း မရှိကြောင်းသိရှိရပြီး မီးလောင်မှုကြောင့် တန်ဖိုး (၂၇၀ဝိ/-) ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် မျိုးဆက် အား အရေးယူပေးပါရန် ၅.၁.၂၀၁၆ ရက်နေ့ ၁၆၄၀ အချိန် ဒေါ်နီလာကိုမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၇/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment