၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဂွေးချိုရဲကင်း စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန် ချောက်မြို့နယ်၊ တောင်နောက်ကျော ကျေးရွှာ အနီး ရန်ကုန်−မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၃၉၂/၂ တွင် ဆိုင်ကယ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ဂွေးချိုရွှာဘက်မှ ချောက်ဘက်သို့ စလင်းမြို့နယ်၊ ဆိတ်ကြီးကျေးရွာ နေသူ သန်းလွင်(၂၈)နှစ် မောင်းနှင်လာသော ဟိုက်ဘို-၁၂၅ အနက်ရောင် ဆိုင်ကယ် သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့၍ သန်းလွင်တွင် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ သန်းလွှင် အား ချောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment