၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ရေနံချောင်းမြို့၊ ဆုံတိုက်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင်အမှတ် ၃၆၃/၄ ပေါ် ချွေတာရေး စားသောက် ဆိုင်အနီးတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၄င်းလမ်းအတိုင်း ရေနံချောင်းမြို့၊ လက်မှတ်ကုန်းရပ်ကွက်ဘက်မှ ရေနံချောင်းမြို့တွင်း ဘက်သို့ ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်နေသူ အောင်ဖြိုးဝေ (၂၂)နှစ် မောင်းနှင်လာသော HENSIM လိမ္မော်ရောင်သုံး ဘီးဆိုင်ကယ်မှ ရေနံချောင်းမြို့တွင်းဘက်မှ လက်မှတ်ကုန်းဘက် သို့ မြေနီခင် မြောက် ရပ်ကွက်နေသူ ဦးခင်မောင်ရင် (၄၂)နှစ် မောင်းနှင်ပြီး နောက်မှဇနီးဖြစ်သူ ဒေါ်ရီရီအောင် (၃၇)နှစ် လိုက်ပါ လာသည့် ၃၈ယ/xxxxx လော့ဂျာ ၁၁၀ စိမ်းပုပ်ရောင် ဆိုင်ကယ်အား ၀င်ရောက်တိုက်မိပြီး ဦးခင်မောင်ရင်မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပြီး ဒေါ်ရီရီအောင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် သုံးဘီးဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ အောင်ဖြိုးဝေ အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment