Saturday, January 2, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ သရက်-ကံမကားလမ်း မိုင်တိုင်အမှတ်၊ ၀/၆ နှင့် ၀/၇ ကြား (တောင်မင်းတည်းရပ်ကွက်အတွင်း) တွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ည ၁၀နာရီ အချိန် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၉)ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး မောင်မောင်သန်းနှင့် အဖွဲ့သည် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်အရပ်သို့ သွား ရောက်စစ်ဆေးရာ သရက်မြို့ ဘက်မှ ရန်ကုန်မြို့ဘက်သို့ ဒီဇယ်ဆီသယ်ယူရန်အတွက် သရက်မြို့၊ တောင်မင်းတည်းရပ်ကွက်နေ ဖိုးအောင် (ခ) အောင်မျိုးမင်း၊ ၂၆နှစ် မောင်းနှင်ပြီး ရှေ့ခန်းတွင် အနောက်ရပ်မြောက်ပိုင်းရပ်ကွက်နေ မင်းမင်း (ခ)ဇော်မင်းငြိမ်း၊ ၃၂နှစ်နှင့် ရုံးရပ်ကွက်နေ ရှိုးခန့်အောင် (၂၄)နှစ်တို့ လိုက်ပါလာသည့် 1C/xxx၊ NISSAN DIESEL မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ဘေးရှိ တယ်လီဖုန်းတိုင်အား တိုက်မိပြီး (၁၀)ပေခန့်နက်သည့် ချောက် အတွင်းထိုးကျကာ ကား၏ရှေ့ဘန်ကာ တန်ဘိုး ၃၀,၀၀၀ိ/- ပျက်စီး ခဲ့သဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ဖိုးအောင် (ခ) အောင်မျိုးမင်းအား သရက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၁/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အရ အမှု ရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။ 
 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video