၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဘုရားကွင်းကျေးရွာနေ ညီအစ်ကိုများ ဖြစ်သည့် ကိုမျိုးညွန့်(၄၃)နှစ်နှင့် ကိုမျိုးကြည် (၃၉)နှစ်တို့စကားများရန်ဖြစ်နေကြောင်း ၂၀၁၆ ခုနှစ်၊ ည ၉ နာရီခွဲအချိန် လာရောက်ပြောဆိုသဖြင့် ကိုမျိုးအောင်မှ သွားရောက်ကြည့်ရှုရာ အစ်ကိုလတ် ဖြစ်သူ ကိုမျိုးကြည် မှာ နေအိမ်လှေကားခြေရင်းနှင့် နွားတင်းကုတ်အကြားတွင် ဝမ်းဗိုက်ဝဲဘက် နဘေးတွင် စူးဝင်ဒဏ်ရာ (၁)ချက်ရရှိကာ သွေးများထွက်နေပြီး အနောက်ဘက်သို့ခေါင်းပြုလျှက် ပက်လက်အနေ အထားဖြင့် သေ ဆုံးနေသည်ကိုတွေ့ရ၍ ဖြစ်စဉ်အားမေးမြန်းစုံစမ်းရာ အိမ်နီးချင်း များ၏ ပြောပြချက် အရ ကိုမျိုးညွှန့်မှ နွားကို ဆဲဆိုရာ ကိုမျိုးကြည်မှ ၎င်းအား ဆဲသည်အထင်နှင့် တစ်ယောက်တစ်ခွန်း စကားများရာမှ ကိုမျိုးကြည်မှ ကိုမျိုးညွှန့်အား လက်သီးဖြင့်ထိုးသဖြင့် ကိုမျိုးညွန့်မှ အနီးရှိ အရိုးအသွား (၅)လက်မခန့်ရှိ သံရိုးတပ် ဓါးမြောင်ဖြင့် ထိုးခြင်းဖြစ်ကြောင်းသိရှိရပြီး အစ်ကိုလတ် ဖြစ်သူ ကိုမျိုးကြည် အား ဓါးဖြင့်ထိုးသတ်သွားသူ အစ်ကိုကြီးဖြစ်သူ ကိုမျိုးညွန့်အား အရေးယူပေးရန် ကိုမျိုးအောင်မှတရား လိုပြုလုပ်တိုင်တန်း သဖြင့် ၊ တောင်တွင်း ကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၂/၂၀၁၆၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment