Friday, January 1, 2016

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် (၁)နာရီ အချိန်ခန့် သက်သေများနှင့်အတူ လှည့်ကင်း ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဆုကြီးပန်ဘုန်းကြီး ကျောင်းရှေ့ လမ်းပေါ်တွင် အမျိုးသမီး တစ်ဦးအား အထုပ်တစ်ထုပ် နှင့်အတူ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်မေးရာ ပခုက္ကူမြို့၊ အမှတ်(၆) ရပ်ကွက်နေသူ မနှင်းနှင်းဦး(၄၆)နှစ် ဖြစ်ကြောင်း သိရှိရပြီး အထုပ်အတွင်း ရှာဖွေရာ AILIEN စာတမ်းပါ အဖြူရောင်လျှပ်စစ် ထမင်းပေါင်းအိုး (၁)လုံး၊ NEWLYFLON စာတမ်းပါ အနီရောင်လျှပ်စစ် ထမင်းကြော် အိုး(၁)လုံး တို့အား ရှာဖွေတွေ့ရှိရပြီး ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသဖြင့် တစ်နေ ရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် မနှင်းနှင်းဦးအား ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်း (ပ)၃/၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video