၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် (၉)နာရီ (၃၅)မိနစ် အချိန်ခန့် စလင်း-စေတုတ္တရာ ကားလမ်း၊ မိုင်တိုင်အမှတ် ၃၃/၇ အနီးတွင် သုံးဘီးဆိုင်ကယ်ပေါ်မှ လူတစ်ဦး ပြုတ်ကျကြောင်း သတင်း အရ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ခြင်ပြစ်ကိုင်း ကျေးရွာ ဘက် မှ စေတုတ္တရာမြို့ ဘက်သို့ စေတုတ္တရာမြို့နယ်၊ ခြင်ပြစ်ကိုင်းကျေးရွာ နေသူ ယာဉ်မောင်း ဇော်ထူး (၃၀)နှစ် မောင်းနှင်သည့် ၈ဟ/×××× နံပါတ်ပါ သုံးဘီးဆိုင်ကယ် ယာဉ်သည် နောက်ဘီး ကျွတ် ထွက်ပြီး မြေကြီး နှင့်တိုက်မိကာ သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါ လာသည့် စေတုတ္တရာမြို့နယ်၊ ပန်းချက် ကျေးရွာနေသူ မောင်ဆယ်တန်းမောင် (၃၇)နှစ် မှာ သုံးဘီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများ ရရှိခဲ့သဖြင့် သုံးဘီး ဆိုင်ကယ် ပေါ့ဆစွာမောင်းနှင်သူ ဇော်ထူးအား စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်းယာဉ် (ပ)၁၃/ ၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment