Wednesday, December 30, 2015

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ချောက်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့် ချောက်မြို့၊ အမှတ်(၁၄) ရပ်ကွက်၊ ပျဉ်းမဗိုလ်အိမ်ကုန်းရပ်နေ မနွယ်(ခ) မမေသက်နွယ် (၄၂)နှစ်၏ နေအိမ် တွင် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သက်သေများနှင့်အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်း ကစား ဖမ်းဝရမ်း အမှတ် (၁၆/၂၀၁၅)ဖြင့် မနွယ်(ခ) မမေသက်နွယ်၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ မနွယ်မှာ ပြတင်းပေါက်မှ ခုန်ချ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းနေအိမ်မြောက်ဘက် ကပ်လျက်ရှိ ဒေါ်အေးမွန်၏ နေအိမ်ဝိုင်းအတွင်း ဖမ်းဆီးရမိပြီး ဒေါ်အေးမွန် နေအိမ် ခေါင်းရင်းရှိ အမှိုက် စွန့်ပေပါ အတွင်းသို့ မနွယ်မှ လွှင့်ပစ်ခဲ့သည့် အဖြူရောင် ကြွှပ်ကြွှပ်အိတ် အတွင်းမှ နှစ်လုံးထီ/သုံးလုံး ချဲထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများ နှင့် လောင်းကြေး ငွေစက္ကူရောရာ (၃၅၅,၄၂၀-/ ကျပ်)တို့အား သိမ်းဆည်းရမိ သဖြင့် မနွယ်(ခ) မမေသက်နွယ် အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၈၈/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။ 

အလားတူ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည (၆)နာရီ (၁၅)မိနစ် အချိန်ခန့် တောင်တွင်းကြီးမြို့နယ်၊ ၀က္ကသေးကျေးရွာနေ ပန်းမွေး (ခ)မင်းအောင် (၄၁)နှစ်၏ နေအိမ် တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်း ကစား ဖမ်းဝရမ်းအမှတ် (၃၅/၂၀၁၅) ဖြင့် ပန်းမွှေး (ခ) မင်းအောင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ပန်းမွှေး(ခ) မင်းအောင် အား နေအိမ်ခြံဝန်းအတွင်း တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် အကျီင်္အိတ်ကပ် အတွင်းမှ နှစ်လုံးထီ ဂဏ္ဍန်းများနှင့် ငွေတန်ဖိုးများ ရေးသားထားသည့် စာရွက်(၁)ရွက်၊ ဆင်းကဒ်(၂)ကဒ်ပါ ဟန်းဆက် (၁)လုံး၊ ငွေစက္ကူရောရာ (၁၀,၂၀၀-/ ကျပ်)၊ ဘောပင် (၁)ချောင်းတို့အား ရှာဖွေတွေ့ရှိသဖြင့် ပန်မွှေး (ခ) မင်းအောင်အား တောင်တွင်းကြီး မြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း (ပ)၁၄၆/၂၀၁၅၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video