၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ လ ၂၉ ရက်နေ့ နံနက် (၇)နာရီအချိန်ခန့် မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာ အနောက်ဘက် (၁)မိုင်ခန့် အကွာ တောအတွင်း ကုန်းအဆင်းတွင် နောက်တွဲပါ ထွန်စက်တစ်စီး တိမ်းမှောက်နေကြောင်း မီးလောင် ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းမှ ဖုန်းဖြင့် အကြောင်းကြားလာ သဖြင့် သက်သေများနှင့်အတူ သွှားရောက် စစ်ဆေးရာ ၂၈.၁၂.၂၀၁၅ ရက်နေ့ ည (၈)နာရီ အချိန်ခန့်တွင် မင်းလှမြို့နယ်၊ မကျီးကုန်း ကျေးရွာနေ ယာဉ်မောင်း မောင်ထိန် (၂၂)နှစ်သည် ထွန်စက် နောက်တွဲတွင် ၀ါးများ တင်ဆောင်၍ မီးလောင်ကုန်း ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကုန်းအဆင်း၌ ထွန်စက်ဂီယာ ပြုတ်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ရာမှ မောင်ထိန်နှင့် ထွန်စက် နောက်တွဲတွင် လိုက်ပါလာသူ မင်းလှမြို့နယ်၊ တောင်ငရုတ်ကောင်း ကျေးရွာနေသူ မောင်ခိုင် (၂၂)နှစ် ဒဏ်ရာများဖြင့် နှစ်ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယာဉ်အား မဆင်မခြင်မောင်း နှင်သူ မောင်ထိန်အား မင်းလှမြို့နယ်၊ ရေနံမ နယ်မြေရဲစခန်း ယာဉ်(ပ) ၂၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က အရအမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment