မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်းတားရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် (၆)နာရီအချိန်ခန့် မင်းတုန်းမြို့နယ်၊ လယ်ကြီးဒေါင့်ကျေးရွာ အနီး ဇော်ဂျီချောင်း တောလမ်းအဆင်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မင်းတုန်းမြို့နယ်၊ လယ်ကြီးဒေါင့် ကျေးရွာနေသူ ညီညီ (၃၇)နှစ်မောင်းနှင်လာသော 2H/xxx၊ FORLAND အပြာရောင် ဖောယာဉ်သည် လယ်ကွင်း မှ ကောက်ရိုး များ တင်ဆောင်ပြီး ရွာသို့ပြန်လည်မောင်းနှင်လာစဉ် ဇော်ဂျီချောင်း အဆင်းတွင် ဘရိတ် ပေါက်ကာ လမ်း ယာဘက်သို့ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်ပါ တစ်ရွာတည်းနေ ကိုမိုး (၄၄)နှစ် အပါအ၀င် ကျား(၄) ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ညီညီအား မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Monday, December 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment