၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ နေ့လည် (၁၂)နာရီခွဲ အချိန်ခန့် မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာအနီး ယာခင်းတွင် လူတစ်ဦး သစ်ပင်ပိ၍ သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ရာ သေဆုံးသူမှာ မြိုင်မြို့နယ်၊ တောရွာကျေးရွာနေ ဆန်းကို (၃၀)နှစ်ဖြစ်ပြီး ၎င်းသည် ၁၄.၁.၂၀၁၆ ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်တွင် ရွှေလင်းဆွဲကျေးရွာနေသူ ဦးသန်းလွင်၏ ယာခင်းစပ်ရှိ လုံးပတ် (၅)ပေခန့်၊ အမြင့် (၃၀)ပေခန့်ရှိ ရှားပင်အား ၎င်းကိုယ်တိုင် အငှားခုတ်လှဲရာ ရှားပင်မှာ အခြားသစ်ပင်နှင့် နွယ်ချိတ်နေ၍ မလဲသဖြင့် ရှားပင်ပေါ်သို့ တက်၍နွယ်ဖြတ်စဉ် ရှားပင် လဲကျရာ ဆန်းကို မှာ အပင်ပေါ်မှ မှောက် လျက်ပြုတ်ကျပြီး ရှားပင်ပိကာ ရှားကိုင်းအတက် ထိုးမိ၍ ဒဏ်ရာများရရှိ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
0 comments:
Post a Comment