Monday, August 31, 2015


တောင်တွင်းကြီး သြဂုတ်လ ၃၀
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ရေတွင်းခေါင်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း
အားအလယ်တန်းကျောင်းခွဲအဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကိုသြဂုတ်လ ၂၉ ရက်နံနက် ၉ နာရီကကျင်ပရာပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်းlတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးစောဝင်းမောင်lတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကြည်သိန်းlမြို့နယ်ပညာရေးမှူး ဦးဆက်အောင်မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးထွန်းမြင့်နှင့်တာဝန်ရှိသူများကဖဲကြိုးဖျတ်ဖွင့်လှစ်ခဲ့ပြီးကျောင်း
ဆိုင်းဘုတ်အားအမွေးနံသာရည်များပတ်ဖျန်းပေးခဲ့ကြသည်။
အခမ်းအနားတွင်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဝင်းကအမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကြည်သိန်းကပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတော်

၏ဆောင်ရွက်ချက်များကိုလည်ကောင်းမြို့နယ်ပညာရေးမှူးဦးဆက်အောင်ကအခြေခံပညာကျောင်း များကိုနိုင်ငံတော်မှရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်အဆင့်ဆင့်ဆောင်ရွက်ပေးလျှက်
ရှိကြောင်းပြောကြားကာကျောင်းအဆင့်တိုမြင့်ခြင်းအထိမ်းအမှတ်အလံများကိုတာဝန်ရှိသူများထံပေး
အပ်ခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ်ကြီးများဌာနဆိုင်ရာအကြီးအကဲများကပညာရေးပဒေသာပင်အဖြစ်
အလှူငွေကိုးသောင်းကျပ်စိုက်ထူလှူဒါန်းခြင်းဝိစာရစိုက်ရစိုက်ပျိုးရေးကုမ္ပဏီနှင့်ရွှေစည်း မျဉ်းဘော်ဒါမိသားစုတိုမှငွေကျပ်တစ်သိန်းခန့်တန်ဖိုးရှိကျောင်းသုံးဗလာစာအုပ်များကိုကျောင်းသားကျောင်း သူများအားအသီးသီးပေးအပ်ချီမြှင့်ခဲ့ကြောင်းအဆိုပ်စာသင်ကြောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့

သဖြင့်ကျောင်းသားကျောင်းသူ ၃၀၀ ကျော်တိုမိမိတိုကျေးရွာ၌ပင်အလယ်တန်းပညာကိုအေးချမ်း
စွာပညာသင်ကြားနိုင်မည်ဖြစ်ကြောင်းကျေးရွာအုပ်စုအုပ်ချူ ပ်ရေးမှူးဦးနေဝင်းကပြောကြား သည်။



မင်းဘူး သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းကျေးရွာများသို့ သြဂုတ် ၂၄ ရက်နေ့မှ စက်တင်ဘာ ၂ ရက်အထိပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ နယ်လှည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ် ငန်းများ ကျေးရွာအရောက် အခမဲ့ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အဖွဲ့သည် သြဂုတ် ၂၈ ရက်က စုရပ်အလှည့်ကျ ဆင်ခေါင်းကျေးရွာသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊ဇနီး ဒေါ်စန်းစန်းမြင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက တို့သည် ဆင်ခေါင်းကျေးရွာ အထက ကျောင်းသို့ရောက်ရှိ၍ PAUI (Portable Aqua Unit for Lifesaving)တစ်နိုင်တစ်ပိုင် ရေသန့်စက် လှူဒါန်းပြီး ဆရာ/ဆရာမ များအား ရေသန့်စက်အသုံးပြုပုံအဆင့်ဆင့်ကို တာဝန်ရှိသူမှရှင်းလင်းပြ သခဲ့သည်။ ၄င်းနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆေးကုသမှုခံယူရန်ရောက်ရှိနေသော ကျေးရွာသူကျေးရွာသား များနှင့်လူနာများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဆေးကုသပေးသော ဆရာဝန် ဆရာမ များကို ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များမှ ရောဂါဝေဒ နာရှင်များအား အခမဲ့ဆေးကုသပေးရာတွင် မျက်စိလူနာ ၁၂၆ ဦး၊သွားနှင့်ခံတွင်း ၃၂ ဦး၊တိုင်းရင်း ဆေး ၁၁၉ ဦး၊အထွေထွေ ၅၈၆ ဦး၊အရိုးအကြော ၇၁ဦးလာရောက်ဆေးကုသမှုခံယူကြကြောင်း နှင့်ကျန် ရှိနေသည့် စုရပ်ကျေးရွာများသို့ သွားရောက်ကာ ဆက်လက်ကုသပေး မည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူ သြဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူး နံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော် တွင် ၀ါခေါင်လပြည့်နေ့၊သြဂုတ်လ(၃၀)ရက်နေ့က ဘုရားဖူးလာပြည်သူများနှင့် အထူးစည်းကားလျက်ရှိသည်။
စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်နှင့် ငါးကျွေးဆိပ်ဖွင့်ပွဲအခမ်းအနား ကို နှစ်စဉ်ဝါဆိုလပြည့်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မြဲဖြစ်သော်လည်း ယခုနှစ် မုန်းချောင်းရေကြီး မှုများ ကြောင့် ဘုရားပွဲတော်နှင့် ငါးကျွေးဆိပ်ဖွင့်ပွဲအခမ်းအနားကို ၀ါခေါင်လဆန်း (၁၃)ရက်နေ ၊သြဂုတ်(၂၈) ရက်နေ့၌ ဘုရားကြီး၏သြ၀ါဒစရိယ ဆရာတော်ကြီးများဖြင့် ဘူးသည်ဆိပ်ကမ်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ကျောင်းတော်ရာဘုရားပွဲတော်ကို နှစ်စဉ် ၀ါတွင်းကာလ(၄)လရှိ အဖိတ်/ဥပုဒ်နေ့များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိရာ လပြည့်နေ့များတွင် အထူး စည်းကားလျက်ရှိသည်။စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားသို့ ပွင့်ဖြူမြို့နယ် အတွင်းရှိ
ကျေးရွာများမှ မြင်းလှည်း၊နွားလှည်း၊ သုံးဘီးဆိုင်ကယ်၊ကားများဖြင့် လာရောက်ကြပြီး မုန်းချောင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ စက်လှေ၊ရွက်လှေများဖြင့် ပျော်ရွှင်စွာ လာရောက်ဖူးမျှော်ကြသည်။ မကွေး၊မင်းဘူးမြို့များမှကားများဖြင့် လာရောက်ရာတွင် လယ်ကိုင်းကျေးရွာကျောင်းတော်ရာလမ်းခွဲမှ တဆင့် (၄-မိုင်ကွာ) သွားရောက်ဖူးမျှော်နိုင် သည်။ ညအိပ်တည်ခိုးနိုင်ရန် ဘုရားကြီး၏ ပရ၀ုဏ်အတွင်း ဇရပ်များစွာတည်ဆောက် ထားပေးပြီး ရေ/မီး စုံလင် စွာဖြင့် ဒေသထွက်သီးနှံ၊ရာသီပေါ် မုန့်မျိုးစုံ ဆိုင်များနှင့် အဆင်ပြေချောမွေ့စွာ တည်ခို ညအိပ်နိုင်အာင်စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိသည်။

 ကျောင်းတော်ရာဒေသထွက်နှီးယပ်တောင် အရောင်အသွေးစုံနှင့် ကလေး ကစားစရာ တကူးကူးရုပ်၊
ပလုပ်တုတ်နှင့်ဝက်မြေဥဆိုင်များမှ မြန်မာပြည်တွင် တွေ့မြင်ရခဲသော မြင်ကွင်းစုံ နှစ်သက်ဖွယ်ရာ ဆိုင်များကိုလည်း တွေ့မြင်နိုင်သည်။ပဒုမ္မာကြာပန်းအိုင်နှင့် နဂါးရုံဘုရား၊မင်းတုန်းမင်းကြီး လက်ထက်မှ တည်ထားကိုးကွယ်တော်မှု ခဲ့သည့် ကြေးကိုယ်တော်ကြီးဘုရားတို့တွင်လည်း ဘုရားဖူးလာပြည်သူ များ၊ဥပုဒ်သီးတင်ဆောက်တည်သူများဖြင့် စည်းကားလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်ဒေသတွင်မုန်းချောင်းရေကြီးမှုကြောင့် ရေဘေးသင့်ခဲ့သော်လည်း နှစ်စဉ်ကျင်းပမြဲဖြစ်သော

 ဂေါတမ မြတ်စွာဘုရား(၇)သီတင်းသုံးတော်မှုရာစန္ဒကူးနံ့သာကျောင်းတော် ရာ ဘုရားပွဲတော်ကို ရိုးရာဓလေ့မပျက် စည်းကား သိုက်မြိုက် စွာ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ အေးချမ်းပျော်ရွှင်စွာ လာရောက်ဖူးမျှော်နိုင်ပါကြောင်း သိရှိရသည်။


နတ်မောက် သြဂုတ် ၃၁
မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)မှကြီးကြပ်မှုဖြင့် နတ်မောက်မြို့ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်တမာပင်ဘုန်းတော်ကြီးကျောင်း တိုက်၊ရန်အောင်မြင်မကျီးတောဘုန်းတော်ကြီးကျောင်းတိုက်နှင့်စည်သာစန်းတောဘုန်းတော်ကြီးကျောင်း
တိုက်များသို့သြဂုတ်၃၀ရက်ကဓမ္မကျောင်းတော်ဖွင့်ပွဲအခမ်းအနားများပြုလုပ်ခဲ့ကြောင်းသိ
ရသည်။
အဆိုပါအခမ်းအနားများသို့တောင်တွင်းကြီးမြို့ဘုံကျော်ကျောင်းဆရာတော်ဦး
ဝိလာသ၊မြို့နယ်သံဃာ့နာယကဥက္ကဌဆရာတော်ဦးဝါယမနှင့်ဆရာတော်များမှဗုဒ္ဓဘာသာယဉ်ကျေး

လိမ္မာဓမ္မကျောင်း(၃)ကျောင်းဖွင့်ပွဲအခမ်းအနားများသို့ဓမ္မကျောင်းတော်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်
များနှင့်တိုင်းပြည်ရဲ့အနာဂတ်ကိုပိုင်ဆိုင်ထားကြတဲ့လူငယ်မောင်မယ်တွေယဉ်ကျေးလိမ္မာပြီးစာရိတ္တ
မဏ္ဍိုင်မြင့်မားကာအမျိုးဘာသာသာသနာတော်ကိုချစ်မြတ်နိုးတတ်တဲ့လူတော်လူကောင်းတွေပေါ်ထွန်း
လာစေဖို့မြွတ်ကြားပေးခဲ့ပြီးအလှူရှင်များကဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဓမ္မကျောင်း(၃)ကျောင်းသို့ပုံဆွဲ
စာအုပ်ဝါ၊စိမ်း၊နီ၊ပြာစာအုပ်များ၊ဗလာစာအုပ်များ၊အခြေခံဖတ်စာအုပ်များ၊ဖတ်စာ(၁)၊ဖတ်စာ(၂)များ၊ဦးချနည်း
ဗွီနိုင်းများနှင့်ဆရာကိုင်စာအုပ်များပေးအပ်လှူဒါန်းခဲ့ပြီးမြို့ပေါ်ရှိတမာပင်ဘုန်းတော်ကြီးကျောင်းတိုက်ဗုဒ္ဓဘာ
သာယဉ်ကျေးလိမ္မာဓမ္မကျောင်းသား\သူ(၃၁၅)ဦး၊ရန်အောင်မြင်မကျီးတောဘုန်းတော်ကြီးကျောင်း
တိုက်ကျောင်းသား\သူ(၁၅၀)ဦးနှင့်စည်သာကျေးရွာစန်းတောဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်း
၊ကျောင်းသား\သူ(၁၅၆)ဦးတို့မှတက်ရောက်မည့်သင်တန်းသား\သူလေးများဖြစ်သည်။
ထို့နောက်အခမ်းအနားသို့မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)မှ

ဆရာတော်များနှင့်အလှူရှင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊မြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ကျောင်းသား\သူများ၊ဆရာ၊ဆရာမ
များနှင့်ကျေးရွာပြည်သူများတတ်က်ရောက်ကြကြောင်းသိရသည်။



နတ်မောက် သြဂုတ် ၃၁
နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြည်သူ
များအအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက်ရွေ့လျားစာကြည့်တိုက်
(Mobile library)လုပ်ငန်းများတစ်လလျှင်လေးကြိမ်ရပ်ကွက်များကျေးရွာများ သို့အလှည့်ကျငှားရမ်းပေးလျှက်ရှိပါသည်။ပညာရေးဌာနနှင့်ပူးပေါင်းပြီးစာဖတ်
ရှိန်မြှင့်တင်ရေးလုပ် ငန်းများလည်းဆောင်ရွက်ပေးလျှက်ရှိရာအောင်ဆန်း (အ.လ.က) ကျောင်းတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက နယ်လှည့်၊ နံရံကပ်၊ ဓါတ်ပုံ ၊ဟောပြောပွဲများဆောင်ရွက်ခဲ့ပြီသုတရသ(၂၅၀) အုပ်ကိုခင်းကျင်းပြသ ငှားရမ်းခဲ့ပြီး ကလေးများမှလည်းဖတ်ရှုပြီးသောစာအုပ်များကိုပြန်လည်ဆွေးနွေး
ခဲ့ကြကြောင်းသိရသည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး အစည်းအဝေးခန်းမတွင် ၃၁.၈.၂ဝ၁၅ ရက်နေ့ ဝ၈၃ဝ အချိန်မှ ဝ၉ဝဝ အချိန်ထိ မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ် ကာကွယ်ရေး ပစ္စည်းများ ကိုင်တွယ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းမှ သင်တန်းဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး အခမ်း အနားသို့ ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ရဲမှူး သက်လွင် (ရဲမှူး ဦးစီး)၊ ဒုရဲမှူး နီဝင်း (ဒုရဲမှူးဦးစီး)၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်ဌေး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ(၂)ဦး၊ ရဲအကူ တပ်ဖွဲ့ခွဲမှ အရာရှိ(၅)ဦး၊ အမှတ်(၉၁ဝ) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ သင်တန်းနည်းပြ အခြားအဆင့် တပ်ဖွဲ့ဝင် (၂)ဦး၊ အခမ်းအနား တက်ရောက်သူ အခြားအဆင့်တပ်ဖွဲ့ဝင်(၁)ဦး၊ သင်တန်းသား အရာရှိ တပ်ဖွဲ့ဝင်(၆)ဦး၊ အခြားအဆင့် တပ်ဖွဲ့ဝင် (၂၄)ဦး၊ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်း ကာလမှာ ၃၁.၈.၂ဝ၁၅ ရက်နေ့မှ ၂၅.၉.၂ဝ၁၅ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ် ကြာမြင့်မည် ၊ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

သင်တန်းဖွင့်ရခြင်း၏ရည်ရွယ်ချက်မှာ တပ်ဖွဲ့ဝင်များ မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ် ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် မိမိနယ်မြေအတွင်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များကို စနစ်တကျ တားဆီးကာကွယ်ရှာဖွေဖော်ထုတ် ရှင်းလင်းဆောင်ရွက်တတ်စေရန် ဖြစ်ကြောင်း သိရှိရပါသည်။






Sunday, August 30, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ည (၉း၅၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၉) ရပ်ကွက်အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဧရာဝတီတံတား (ပခုက္ကူ)ပေါ်၌ လူငယ်တစ်ဦးမှ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် အရက်သောက်စား ၍ အော်ဟစ်ဆူပူ ရမ်းကားနေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်နေသူ ဖြိုးဇင်ဝင်း (၂၁)နှစ်သည် အရိုးအသွား(၂)ပေ (၆)လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်း အား ကိုင်ဆောင် ရမ်းကားနေ သည်ကို တွေ့ရှိရသဖြင့် တရားမ၀င် ဓါးလက်နက် ကိုင်ဆောင်သူ ဖြိုးဇင်ဝင်း အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၄၀/၂၀၁၅၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

Saturday, August 29, 2015




မကွေး    သြဂုတ်လ   (၂၉) ရက်

          မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု ဘိုကုန်းကျေးရွာမှ အိမ်ထောင်စု(၃၁)စုမှာ ဖြစ်ကမ်းပါးပြိုကျ၍ နေထိုင်ရန်အခက်အခဲရှိသည့်အတွက် စလင်းမြို့နယ် စလင်း-ဆိပ်ဖြူ ကားလမ်းမကြီးဘေးရှိ တညောင်လျှပ်စစ်မြစ်ရေတင် ဧရိယာအတွင်း စပါးစိုက်ပျိုးသည့် လယ်မြေများပေါ်တွင် လူနေအိမ်ဆောက်လုပ် နေထိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြထားကြောင်း သိရသည်။
          ဘိုကုန်းကျေးရွာတွင် အိမ်ထောင်စု(၇၆)စု၊ လူဦးရေ(၃၂၃)ဦးရှိပြီး မြစ်ကမ်းပါးနှင့် အလွန်နီးကပ်လျက်ရှိသည့် အိမ်ထောင်စု(၃၁)စုမှာ နေထိုင်ရန် အခက်အခဲရှိနေသဖြင့် ယင်းတို့အနက် အိမ်ထောင်စု(၁၇)စုသည် ၂၀၁၄ခုနှစ် သြဂုတ်လတွင် ဘိုကုန်းကျေးရွာရှိ ကိုင်းကွက်များတွင် ပြောင်းရွှေ့နေထိုင်ကြသည်။ ယခုပြောင်းရွှေ့နေထိုင်လိုသည့် စလင်း-ဆိပ်ဖြူ ကားလမ်းမကြီး၏ဘေးရှိမြေနေရာသည် တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧရိယာအတွင်းရှိ စပါးစိုက်ပျိုးသည့်မြေနေရာဖြစ်သည်။ ယင်းစီမံကိန်းလယ်မြေများသည် ဒေသ၀မ်းစာဖူလုံရေးအတွက် စိုက်ပျိုးသည့် လယ်မြေများဖြစ်၍ လူနေအိမ်ဆောက်လုပ်နေထိုင်ပါက စပါးစိုက်ပျိုးသည့် ဧကများထိခိုက်လျော့နည်းနိုင်ခြင်း၊ အခြားကျေးရွာများမှလည်း စိုက်ပျိုးမြေများပေါ်သို့  ပြောင်းရွှေ့ နေထိုင်လာနိုင်ခြင်းနှင့် လယ်ယာမြေဥပဒေအရ လယ်မြေများပေါ်တွင် လူနေအိမ်ဆောက်လုပ်နေထိုင်ခွင့်မရှိခြင်းတို့ကြောင့် ၄င်းတို့မူလနေထိုင်ရာ ဘိုကုန်းကျေးရွာ အနီးရှိ ကိုင်းကွက်များတွင်သာ ပြောင်းရွှေ့နေထိုင်သင့်ကြောင်းကို မြို့နယ်ကော်မတီ(၃)ရပ်မှ အကြံပြုထားကြောင်း သတင်းရရှိသည်။



မကွေး    သြဂုတ်လ     (၂၉)  ရက်

 မကွေးတိုင်းဒေသကြီးအတွင်းရှိ  စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လကုန်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေးဘေးဒဏ်ခံခဲ့ရသည့်ဒေသရှိ ရေးဘေးသင့်ပြည်သူများအတွက်
 ထောက်ပံ့လှူဒါန်းပစ္စည်းများ စနစ်တကျဝေငှနိုင်ရန် စေတုတ္တရာမြို့နယ် အလှူခံပစ္စည်းများ လက်ခံဖြန့်ဝေရေးစခန်းအနေဖြင့်ရရှိသည့် ထောက်ပံ့အလှူပစ္စည်းများကို ဒေသအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုကော်မတီ၊လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်း၍
 ရေးဘေးသင့်ပြည်သူများအားလုံး ထောက်ပံ့ပစ္စည်းများ အမှန်တကယ် လက်ဝယ်ရရှိရေး စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
          စေတုတ္တရာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးဝေရာရေနစ်မြုပ်သည့်မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၂၈)ရွာအပြင် ရေနစ်မြုပ်ခြင်းမရှိသည့် ကျေးရွာ
(၅၉)ရွာရှိ ဒေသခံပြည်သူများ လတ်တစ်လောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်နှင့်စားရိက္ခာပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာမှာ သြဂုတ်လ(၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့များတွင် ရေနစ်မြုပ်ခြင်းမရှိသည့် ပင်းချောင်းကျေးရွာမှ ဒေသခံပြည်သူများ အတွက် စုစုပေါင်း ဆန်(၂၆)အိတ်၊ ဆီ (၅၀)ကျပ်သားဗူး (၂၄)ဗူး၊ ကုလားပဲ (၃၀)ပိသာ၊ အ၀တ်အထုပ်မျိုးစုံ (၁၆)ထုတ်၊ ဓါတ်ဆားအထုတ်(၁၀၀)ပါ ဖာ(၂)ဖာ၊ ဆေးမျိုးစုံ ၊ ခေါက်ဆွဲခြောက်နှင့် အခြားအသုံးအဆောင်ပစ္စည်း (၁၄)မျိုးတို့ကို ထောက်ပံ့ပေးဝေခဲ့ကြောင်းသိရှိရသည်။
          ယခုအခါ တာဝန်ရှိသူများက ရေနစ်မြုပ်ခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လယ်မြေများအချိန်မီစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင် ရွက်နေသကဲ့သို့ ရေးဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းနှင့် ချောင်းကူးတံတားများ ပုပြင်ခြင်းလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့များ၊  သက်ဆိုင်ရာဌာနဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မကွေး သြဂုတ် ၂၉
မကွေးမြို့တွင် ကျောင်းပေါင်းစုံအခြေခံရှေးဦးသူနာပြုသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်စမ်းစမ်းအေးက သင်တန်းဆင်းအမှာစကားပြောကြားပါ သည်။ဆက်လက်ပြီး သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ် များကို မကွေးမြို့နယ်ကြက်ခြေနီ ဒုတပ်ရင်းမှူး ကပေးအပ်ပါသည်။ အဆိုပါ ကျောင်းပေါင်းစုံ အခြေခံရှေးဦးသူနာပြုသင်တန်းကို ၈.၈.၂၀၁၅ရက်နေ့မှ ၂၉.၈.၂၀၁၅ရက်နေ့ထိ အထက်-၁၊ အထက-၂၊ အထက-၃တို့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၁၇၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။



နတ်မောက် သြဂုတ်၂၉
ကျောက်ပန်းတောင်းညောင်ဦးမြို့နယ်နှင့်နတ်မောက်မြို့နယ်အတွင်းလှည့်ပတ်ဝင်ရောက်သွား
လာနေသောတောဆင်ရိုင်း(၆)ကောင်မှာဆင်(၅)ကောင်သာကျန်ရှိ၍သြဂုတ်၂၈ရက်နံနက်ပိုင်းက
နတ်မောက်မြို့နယ်အတွင်းသွားလာနေကြောင်းသိရသည်။
အဆိုပါတောဆင်ရိုင်းများမှာချောင်းနက်ကျေးရွာ၊အုတ်ဖိုကျေးရွာများရှိတောစပ်များကိုဖြတ်ပြီး

မယ်ဇလီပင်ကျေးရွာနှင့်ဒီးဒုတ်ကုန်းကျေးရွာနှစ်ရွာကြားရိုးပြတ်တောထဲတွင်ဆင်(၅)ကောင်တွေ့
ရှိခဲ့ရာဆင်ကြီးလေးကောင်နှင့်ဆင်ငယ်တစ်ကောင်တာဖြစ်ပြီးပဲစဉ်းငုံနှင့်ပြောင်းဖူးကြဲထားသည့်
ယာခင်းထဲတွင်ဝင်ရောက်အစာများစားနေကြောင်းတွေ့ရှိရသည်။အဆိုပါဆင်များနတ်မောက်
မြို့နယ်အတွင်းသွားလာရာလမ်းတလျှောက်တွင်တောသူတောင်သားများမည်သူ့ကိုမဆိုအန္တရာယ်

မပြုခဲ့ကြောင်းတွေ့ရှိရသော်လည်းမကွေးခရိုင်တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊နတ်မောက်မြို့နယ်
အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်သစ်တောဦးစီးဌာနမှသစ်တောဦးစီးအရာရှိနှင့်
ဝန်ထမ်းများ၊သစ်တောဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်ဆင်ထိန်းသိမ်းရေးစခန်းအချို့မှတာဝန်ရှိများ
လိုက်ပါလာ၍ဆင်များဖြတ်သန်းသွားမည့်နေရာများနှင့်ဆင်ရိုင်းများတွေ့ရှိပါကဝေးရာတို့ရှောင်ရှားသွား
လာရန်ပြောကြားခြင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်းအသံချဲ့စက်များဖြင့်သတိပေးနိုးဆော်နေသည်
ကိုတွေ့ရှိရသည်။သြဂုတ်၂၈ရက်ညနေငါးနာရီခန့်တွင်ရရှိသောသတင်းအရအဆိုပါတောဆင်ရိုင်းများ

ခိုအောင်းနေရာသို့သက်ဆိုင်ရာဌာနဆင်အယဉ်လေးကောင်ဖြင့်ခြောက်လန့်ခေါ်ဆောင်ပြီလက်ရှိနေရာမှ
နတ်မောက်မြို့နယ်လဲဘူးကျေးရွာ၊သပွတ်ပင်လမ်းကြောင်းမှတဆင့်မြို့သစ်မြို့နယ်အရှေ့ဖျားဒေသတဝိုက်ရှိ
ရိုးမတောစပ်သို့အရောက်တဆင့်ခြင်းမောင်းပို့သွားရန်ဆောင်ရွက်နေပြီဖြစ်ကြောင်းနတ်မောက်မြို့နယ်
သစ်တောဦးစီးအရာရှိဦးနေမျိုးထွန်းမှပြောကြားခဲ့ကြောင်းသိရသည်။

ဆိပ်ဖြူ သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး ၊ပခုက္ကူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် တန့်ကြည့်တောင် စွယ်တော်မြတ် စေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ၀ါခေါင်လတွင် ကျင်းပလျက်ရှိရာ မြန်မာ့မီးရထား တိုင်းအမှတ်(၁၀) ပခုက္ကူ က ဘုရားပွဲတော် စည်ကားသိုက်မြိုက်ရေး ၊ ဘုရားဖူး ခရီးသွားပြည်သူ အများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပခုက္ကူဘူတာမှ တန့်ကြည့်တောင် ဘူတာသို့ လည်းကောင်း ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် ဘူတာကို (၀ါခေါင်လဆန်း ၁၃ရက်နေ့မှ ၀ါခေါင်လပြည့်နေ့) သြဂုတ်လ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိ ဆိပ်ဖြူ-တန့်ကြည့်တောင်ကို နံနက် ၇နာရီ အချိန်တွင် လည်းကောင်း ပခုက္ကူ -တန့်ကြည့်တောင်ကို ညနေ ၄နာရီ၁၅မိနစ် အချိန်များတွင် ပြေးဆွဲ ပေးလျက်ရှိရာ တန့်ကြည့်တောင်ဘူတာမှ ဆိပ်ဖြူဘူတာ သို့ ညနေ ၄နာရီခွဲ အချိန်တွင် လည်ကောင်း တန့်ကြည့်တောင်-ပခုက္ကူ ကို နောက်တစ်နေ့နံနက် ၆နာရီ၅မိနစ် အချိန်များတွင် ပြန်လည်ထွက် ခွာကာ အချိန် မှန်ပြေးဆွဲပေးခဲ့သည်။ ပခုက္ကူ- ဆိပ်ဖြူ အချိန်မှန် ရထားကို လက်ရှိပြေးဆွဲချိန် အတိုင်းပြေးဆွဲပေး နေပြီး ဘုရားပွဲတော် အထူးရထား စီနင်းခ တစ်ဦးလျင် ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် (၃၅၀)ကျပ် ၊ပခုက္ကူမှ တန်ကြည့်တောင်း (၃၀၀)ကျပ်တို့ဖြင် သာပြေးဆွဲပေးထားကြောင်း ဆိပ်ဖြူမြို့နယ် မြန်မာ့မီးရထား ရုံပိုင်ကြီး ဦးဇော်လင်းဦး မှ ပြောကြားသိရှိရ သည်။




မကွေး သြဂုတ် ၂၈
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များတိုင်းဒေသကြီး အဆင့် ဖွင့်ပွဲအခမ်းအနား(၂၀၁၅)ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၁၀)နာရီ အချိန်တွင် မကွေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းကအဖွင့်အမှာစကား

 ပြောကြားပြီးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်ကကျန်းမာရေးဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းကိုဖတ်ကြားသည်။အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လ တစ်လလုံး ဗဟိုအဆင့်နေနှင်သာမကတိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်များတွင်နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ (၁၃)ကြိမ်ရှိခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်ကို နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ် တစ်ခုရွေးချယ် ပြီးကျင်းပလေ့ရှိရာ ယ္ခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်မှာ လုပ်ငန်းခွင်မပျက် မိခင်နို့တိုက်ကျွေးနိုင်ဘို့ ကူညီစို့ဖြစ် ပါသည်။
ဆက်လက်၍ စံပြမိခင်ပြိင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ၊ဆုရမိခင်များနှင့်နှစ်သိမ့်ဆုရမိခင်(၃)ဦးတို့ အားလူမှုရေးဝန်ကြီးဦးအောင်ကျော်မင်း၊ မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သင်းသင်းထွေးနှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီးအသက်(၆)လမှ

(၅)နှစ်အောက်ကလေးများအား ဗီတာ မင်ဆေးလုံးတိုက်ကျွေးခြင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများအား သံဓါတ်ဆေးပြား၊ဘီတာမင်ဘီဝမ်းနှင့်သန်ချဆေးပြားများကိုဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ည (၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တည်ဘိုကန်ကျေးရွာတွင် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင် ရွက်နေစဉ် ရွာလယ်လမ်း၌ ရွာနေ မြင့်ခိုင်(၄၃)နှစ်သည် အရက်သေစာသောက်စားပြီး အရိုး အသွား(၁၄) လက်မ ၊ သံရိုးတပ်ဓါးမြှောင်(၁)ချောင်း ကိုင်ဆောင်ရမ်းကားနေကြောင်း တွေ့ရှိရ သဖြင့် မြင့်ခိုင်အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၈/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၊ မြို့မရဲစခန်းမှူးနှင့်အဖွဲ့သည် လောင်းကစားပြုလုပ်နေကြောင်း သတင်း အရ သက်သေ များနှင့် အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၉/၂ဝ၁၅)ဖြင့် ပေါက်မြို့ ၊ အောင်တော်မူရပ်ကွက်နေ နိုင်ဝင်း(၃၆)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။

 ပေါက်မြို့၊ အောင်တော်မူရပ်ကွက်နေ နိုင်ဝင်း(၃၆)နှစ်၏နေအိမ်အိပ်ခန်းအတွင်းမှ လောင်းကစား ရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၂၃,၉ဝဝိ/-အား တွေ့ရှိသိမ်းဆည်းရမိ သဖြင့် ချဲထီလောင်းကစားပြုလုပ်သူ နိုင်ဝင်းအား ပေါက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၉/၂ဝ၁၅ ၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နံနက် (၇း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ဧရာဝတီတံတား (မကွေး) ပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၄) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေး-မင်းဘူး ကားလမ်းအတိုင်း မင်းဘူးဘက်မှ မကွေးဘက်သို့ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာနေ သိန်းထိုက်(၃၈)နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ထိန်လင်း(၃ဝ)နှစ် လိုက်ပါလာသည့် ၄ဝယ/xxx ၊ DAYANG-125 အနက်ရောင်ဆိုင်ကယ်သည် ဧရာဝတီတံတား (မကွေးဘက်ခြမ်း)P-1 အနီး အရောက်တွင် လမ်းဖြတ်ကူးသူ မကွေးမြို့၊ မြို့မရပ်ကွက်၊ ဘုရားလမ်းနေ ဦးသောင်းရွှေ (၇၄)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးသောင်းရွှေတွင် ဒဏ်ရာများရရှိကာ မကွေးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့အပ် ကုသစဉ် သေဆုံးသွားခဲ့ပြီး သိန်းထိုက်နှင့် ထိန်လင်းတို့တွင်လည်း ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ် မဆင်မခြင်မောင်းနှင်သူ သိန်းထိုက်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၇/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



Friday, August 28, 2015


သရက် သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းများ လွယ်ကူမြန်ဆန် အဆင်ပြေ ချောမွေ့စေရေး ၊ပြည်သူ့ဝန်ဆောင်မှု့ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်သည့်
 ပြည်သူ့ဝန်ဆောင်မှု့ရုံး(One Stop Shops) ဖွင့်လှစ် ခြင်းကို ယနေ့ နံနက်(၀၈း၃၀)နာရီက တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် 
ဒေါ်ယဉ်ယဉ်လှ၊ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီ ဥက္ကဌ ဦးတင်အောင်မြင့်တို့က အဆိုပါ ရုံးသစ်ရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ပြည်သူ့ဝန်ဆောင်မှု့ရုံးအတွင်း လိုက်လံကြည့်ရှု့ကြသည်။ အဆိုပါ ရုံးအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးအရာရှိကတာဝန်ခံကြီးကြပ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝန်မှု့ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဥိးစီးဌာန ၊မီးသတ် ဦးစီးဌာန၊လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာန ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန နှင့် ပြည်တွင်းအခွန်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်း၍ ဌာနအလိုက် ၀န်ဆောင်မှု့ ပေးနိုင် မည့် လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိစ္စများကို တစ်နေရာတည်း တွင် လွယ်ကူမြန်ဆန် အဆင်ပြေ ဆောင်ရွက် နိုင်ပြီ ဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မည့် လုပ်ငန်းများ ယခင်ကာလထက် လွယ်ကူမြန်ဆန် အဆင်ပြေမှု့များ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အောင်လံ သြဂုတ် ၂၇ မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၅ - မိုးရာသီသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများအားကျေးရွာအုပ်စု(၉၇)အုပ်စု ၊ အစုအဖွဲ့(၆၅၁၁)ဖွဲ့ အဖွဲ့ဝင်တောင်သူဦးရေ(၁၉၁၀၁)ဦးသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အရ မိုးစပါး (၃၃၀၈၃)ဧက ၊ အခြားသီးနှံ (၈၃၂၅၁)ဧကတို့အတွက် ချေးငွေစုစုပေါင်း
(၄၉၇၃၃.၂၀)သိန်းအား ၂၀၁၅ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့တွင် အပြီးသတ် ထုတ်ချေးပြီးစီးပါကြောင်း သတင်းရရှိသည် ။

ငဖဲ သြဂုတ် ၂၇
မင်းဘူးခရိုင်ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ဖွင့်လှစ် သည့် မော်တော်ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို သြဂုတ် ၂၅ ရက်နေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပေကုန်းကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက် ပို့ချမည့်အစီ အစဉ်နှင့်စည်း ကမ်းပိုင်းဆိုင်ရာတို့ကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဆောင်မှ ကျေးရွာသူ ကျေးရွာသားများကိုယ်စား သင်တန်းဖွင့် လှစ်ပေး သည့်အတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပေကုန်းကျေးရွာမှ သင်တန်းသား(၁၀)ဦး တက်ရောက်ပြီး သင်တန်း ကာလမှာ သြဂုတ် ၂၅ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိဖွင့်လှစ်၍ ဆိုင်ကယ်ပြု ပြင်ရေးကျွမ်းကျင်နှစ်ဦးမှ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူ သြဂုတ် ၂၇
မကွေးခရိုင်ပညာရေးမှူးရုံး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မကွေးခရိုင်အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံး(၆)ရုံးရှိ ပညာရေးဝန်ထမ်း မိသားစုများမှ သဘာဝဘေး အန္တရာယ်ကြောင့် ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သော ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပညာရေးဝန်ထမ်းများနှင့်ရေဘေး သင့်ကျောင်းသား ကျောင်း သူများအတွက် လှူဒါန်းပေးအပ်ခြင်းကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ရာ မကွေးခရိုင်ပညာရေးမှူး ဦးကျော်ကျော်ဦးမှ ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်သီတာထွန်းထံသို့ ငွေကျပ်(၁၀)သိန်းအားပေး အပ်လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ် အတွင်းရှိ ရေဘေးသင့်ခဲ့သော ကျောင်းပေါင်း(၁၂၈)ကျောင်းတွင် အထက်တန်းကျောင်း သားကျောင်းသူ (၂၉၄၆)ဦး၊ အလယ်တန်းကျောင်းသား /သူ (၈၂၅၆) ဦး၊မူလတန်းကျောင်းသားကျောင်းသူ (၁၁၉၈၅)ဦး၊စုစုပေါင်း(၂၃၁၈၇)ဦးရှိခဲ့ပြီး ရေဘေးသင့်ခဲ့သော ပညာရေးဝန်ထမ်းပေါင်း(၁၂၁၀)ဦး
ရှိကြောင်း သိရသည်။ ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးသွားသော ကျောင်း (၅)ကျောင်းရှိခဲ့ရာ အမက မင်းမြေကွက်သစ်ကျောင်း၊အလကခွဲ ဆည်တော်ကျောင်း၊ အထကခွဲ ထနောင်းကုန်း၊ အမကမုန်းမြင့်တို့
၏ကျောင်းများအား အဆောက်အဦးသစ်ဆောက် လုပ်ပေးနိုင်ရန်အတွက် ပညာရေးဦးစီးဌာန သို့တင်ပြဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

အောင်လံ သြဂုတ် ၂၇ မကွေးတိုင်းဒေသကြီးသရက်ခရိုင် အောင်လံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၅ - မိုးရာသီသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများအားကျေးရွာအုပ်စု(၉၇)အုပ်စု ၊ အစုအဖွဲ့(၆၅၁၁)ဖွဲ့ အဖွဲ့ဝင်တောင်သူဦးရေ(၁၉၁၀၁)ဦးသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အရ မိုးစပါး (၃၃၀၈၃)ဧက ၊ အခြားသီးနှံ (၈၃၂၅၁)ဧကတို့အတွက် ချေးငွေစုစုပေါင်း(၄၉၇၃၃.၂၀)သိန်း အား ၂၀၁၅ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့တွင် အပြီးသတ် ထုတ်ချေးပြီးစီးပါကြောင်း သတင်းရရှိသည် ။


မင်းဘူး သြဂုတ် ၂၇
မင်းဘူးခရိုင်၊ငဖဲမြို့နယ်တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ကျိုးပဲ့ပျက်စီးသွားသော ငဖဲ- ချောင်းဖြူမန်းချောင်းတံတားကြီး အသစ်ပြန်လည်မတည်ဆောက်မီ အများပြည်သူယာယီသွားလာနိုင်ရန် အလျား (၁၅၀)ပေ၊အနံ(၁၃)ပေရှိသော သံဘေလီတံတားအား လမ်းအထူး(၃) အဖွဲ့မှ သြဂုတ်လ(၂၄)ရက်နေ့တွင် ပြီးစီး ဆောက်လုပ်ခဲ့ကြောင်း သိရသည်။


မင်းဘူး သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးရွာများသို့ သြဂုတ် ၂၄ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ တိုင်းဒေသကြီိးအစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီိးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ၊စေတနာရှင် များပေါင်း၍ နယ်လှည့်အခမဲ့ ဆေးကု သခြင်းဆောင်ရွက်မည်ဖြစ်ပြီး သြဂုတ် ၂၅ ရက်နံနက် ၁၁နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီိးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများမှ ဆေးကုသ မှုဆောင်ရွက်နေသည့်ကျေးရွှာသို့သွားရောက် ကြည့်ရှု အားပေး ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာ ဓမ္မာရုံတွင် တိုင်းဒေသကြီိး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီိး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ၊စေတနာရှင် များပေါင်း၍နယ်လှည့်အခမဲ့ ဆေးကုသပေးရာတွင် ဆေးကုသမှုခံယူရန် ရောက်ရှိ နေသာ ကျေးရွာသူ ကျေးရွာသားများနှင့်လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဆေးကုသ ပေးသော ဆရာဝန် ဆရာမများအား အားပေးဂုဏ်ပြု စကားပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည်ရေတွင်းကုန်းကျေးရွာ ဘုန်းတော်

 ကြီးကျောင်း ဆရာတော်အား ၀င်ရောက်ဖူးမြှော်ကြည်ညို၍ လှူဘွယ်ဝထ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒသကြီးဝန်ကြီးချုပ်သည် ရေတွင်းကုန်းကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းတွင်တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံ၍ ကလေးငယ်များ၏ကျန်းမာရေး၊စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ဂရုတစ်စိုက်ဆောင်ရွက်ရေးတို့ကို ဆရာ/ဆရာမများအား မှာကြားခဲ့ပြီး တိုးတက်ဧရာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသောအထက(ခွဲ) ပေ(၁၂၀x၃၀)အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ်

 ဆောက်လုပ်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေး၍လိုအပ်သည်များကိုဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။ မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာနှင့် အနီပတ်ဝန်းကျင်ကျေးရွာများမှရောဂါဝေဒနာရှင် များအားအခမဲ့ဆေးကု သပေးရာတွင် မျက်စိလူနာ (၁၀၉)ဦး၊သွားနှင့်ခံတွင်းဝေဒနာရှင်(၅၇)ဦး၊ တိုင်းရင်း ဆေး(၁၂၀)ဦး၊အထွေထွေ(၅၃၄)ဦး၊အရိုးအကြော(၁၁၆)ဦး လာရောက်ဆေးကုသမှု ခံယူခဲ့ကြကြောင်းနှင့် နယ်လှည့်အခမဲ့ဆေး ကုသရေးအဖွဲ့မှ ကျန်ရှိနေသည့် စုရပ်ကျေးရွာ များသို့သွာရောက်ကာ ဆက်လက် ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ထု သြဂုတ် ၂၇
“ယော” အရပ်ဒေသသည် မကွေးတိုင်းဒေသကြီးတွင်ပါဝင်၍ ပုံတောင်၊ ပုံညာတောင်ဒေသနှင့် ချင်း တောင်တန်းကြားရှိ လွင်ပြင်ဒေသကိုခေါ်သည်။ အဆိုပါဒေသ၌ ဗမာ ၉ မျိုးတွင် တစ်မျိုးဖြစ်သည့် ယော ဗမာ လူမျိုးများ အများစုနေထိုင်ကြသည်။ ယော အရပ်ဒေသတွင် ဗမာစကားကိုပြောဆိုကြသော် လည်း လေယူ လေသိမ်းနှင့် အသံထွက်ရှိပုံ ကွဲပြားမှုရှိ သည့်အတွက် သီးခြားစကားကဲ့သို့ဖြစ်နေကာ ရိုးရာယဉ်ကျေးမှု ဓလေ့ စရိုက်များလည်း တစ်မျိုးတစ်ဘာသာ ဖြစ်တည်နေသည်များရှိသည်။
ယောဓလေ့ယဉ်ကျေးမှုဓလေ့များအနက် သနပ်ခါးပါးတို့ပွဲကျင်းပ သည့်ဓလေ့၊ အိုးစည်ပြိုင်ပွဲကျင်းပ သည့်ဓလေ့၊ ဖယောင်းထောင်ချပွဲကျင်းပ သည့်ဓလေ့တို့မှာ လူသိများသည်။ အဆိုပါယဉ်ကျေးမှုဓလေ့များနှင့်
ဒေသ၏ရိုးရာဓလေ့များ မပျောက်ပျက်စေရေးအတွက် ဂန့်ဂေါခရိုင်ကျောက်ထုမြို့ဒေသ ပြင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ် ၂၅ ရက်ကသံဃာတော်များ၊လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး

 ကြရာ ယောဒေသတွင်ပါဝင်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော စသည့် မြို့နယ်များတွင်
 ယောဓလေ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ကျင်းပဆောင်ရွက်နိုင်ရေး ထည့်သွင်းဆွေးနွေး ကြ ကြောင်းသိရသည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် (၁၁း၅၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ အနီး၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်း မိုင်တိုင်အမှတ် (၁၃/၀)နှင့် (၁၃/၁) အကြားတွင် အမျိုးသမီး တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရ သက်သေများ နှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက် စစ်ဆေးရာ နံနက် (၁၁)နာရီခွဲ အချိန်ခန့်က ၄င်းလမ်းအတိုင်း တောင်တွင်းကြီး မြို့နယ်ဘက်မှ မြို့သစ် မြို့နယ် ဘက်သို့ မြို့သစ်မြို့နယ်၊ ကျောင်းကုန်းရွာနေသူ အောင်မျိုးခန့် (၁၉)နှစ်သည် ၄၂ယ/xxxxx YUBAO 125 ဖြူနက်ကြား ဆိုင်ကယ်နောက်တွင် အစ်မ ဖြစ်သူ မသဲရွှေရည်နှင်း (ခ)သဲသဲ (၂၀)နှစ် အား တင်ဆောင်၍ အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မသဲရွှေရည်နှင်း (ခ)သဲသဲမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ အောင်မျိုးခန့် အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နေ့လည် (၂း၅၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် ၃၉/၄ နှင့် ၃၉/၅ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်နေသူ ယာဉ်မောင်း ဦးမြင့်ဆွေ (၅၅)နှစ် မောင်းနှင်သော ယာဉ်အမှတ် 7C/xxxxx SURF ခဲရောင် မော်တော်ယာဉ်နှင့် နတ်မောက်မှ ပျော်ဘွယ်ဘက် သို့ နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာနေသူ ဖြိုးကျော် (၂၂)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ မသန်းနု(၄၅)နှစ် လိုက်ပါလာသော ၃၇ယ/xxxxx TAYAN 110 အနက်ရောင် ဆိုင်ကယ်တို့ အရှိန် မထိန်းနိုင်ဘဲ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိရာ ဖြိုးကျော်မှာ ဒဏ်ရာများရရှိ ခဲ့သဖြင့် ဆေးရုံသို့ ပို့အပ်စဉ် လမ်း၌သေဆုံး သွားခဲ့ပြီး မသန်းနုတွင် စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ဦးမြင့်ဆွေနှင့် ဖြိုးကျော် တို့(၂)ဦး အား နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

Thursday, August 27, 2015


ဂန့်ဂေါ သြဂုတ် ၂၆
၁၉၁၆ ခု မေလတွင် တိုင်းရင်းဘာသာ မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့် ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ အထက်တန်းကျောင်းသည် ၂၀၁၆ ခုနှစ် မေလတွင် နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်ရာ နှစ် (၁၀၀) ပြည့်အခမ်းအနားကို ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ရာပြည့်အခမ်းအနားအပြင် ရာပြည့်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးအတွက် စာမူများဖိတ်ခေါ်ခြင်းနှင့် ရာပြည့်ကျောက်စာတိုင် စိုက်ထူနိုင်ရေးတို့ကိုလည်း စီစဉ် ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ ရှုံးရှီရွာ အခြေခံပညာအထက်တန်းကျောင်း ရာပြည့်မော် ကွန်းကျောက်စာတိုင်စိုက်ထူနိုင်ရေး ပထမအကြိမ်အလှူငွေပေးအပ်ပွဲကို သြဂုတ် ၂၂ ရက်က ကျောင်းခန်းမ၌ပြုလုပ်ရာ စေတနာရှင် မလေးရှားနိုင်ငံ မှ ဦးထူးအောင်ပေးပို့သည့် ငွေကျပ် ၁၀ သိန်းအား မိခင်ဖြစ်သူ ဒေါ်သန်းကြွယ်က
ရှုံးရှီအထကနှစ်(၁၀၀)ပြည့်ကျင်းပရေးကော်မတီဥက္ကဌ ကျောင်းအုပ်ဆရာကြီး ဦးအုပ်စိုးထံပေးအပ်လှူဒါန်းကြောင်း သိရသည်။

ပွင့်ဖြူ သြဂုတ် ၂၇
မုန်းချောင်းရေကြီးမှုကြောင့်ရေဘေးသင့်ခဲ့သော ပွင့်ဖြူမြို့နယ်
ညောင်ကုန်းကျေးရွာနှင့် သာစည်ကျေး ရွာများရှိ ရေဘေးသင့်ပြည်သူများအား ပခုက္ကူခရိုင် မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာနှင့် ကြက်မောက်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာ(၁၁)ရွာမှ ပြည်သူများက စုပေါင်း၍ထောက်ပံ့ငွေများ ကျေးရွာအရောက် သွားရောက် လှူဒါန်းမှုများပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာနှင့် သာစည်ကျေးရွာတို့သည် မုန်းချောင်းကမ်းပါး အနီးတွင် တည်ရှိ ပြီး မုန်းချောင်းရေကြီးမှုကြောင့် လယ်ယာ/ကိုင်းမြေများ သဲနှုန်းများ (၄)ပေခန့်တင်ကျန်ရစ်ခဲ့၍ စိုက်ပျိုးရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများဖြစ်နေသည်။ မြန်မာပြည်အတွင်း

 အနယ်နယ်အရပ်ရပ်မှ ပရဟိတအဖွဲ့များနှင့် စေတရှင်အလှူရှင်များ၏ လှူဒါန်းထောက်ပံ့မှုများဖြင့် ယာယီစားဝတ်နေရေး အဆင်ပြေ နေသော်လည်း စိုက်ပျိုးရေးလုပ်ငန်းဆက်လက် လုပ်ကိုင်နိုင်ရန် အရင်းအနှီးများလိုအပ်နေသဖြင့် မြိုင်မြို့နယ် မန်ကျည်းကန်အုပ်စုနှင့်ကြက်မောက်အုပ်စု အတွင်းရှိ ကျေးရွာများမှညောင်ကုန်းကျေးရွာနှင့် သာစည်ကျေးရွာရှိ အိမ်ထောင်စု(၂၅၀)အတွက် တစ်အိမ်ထောင်လျင် (၁၅၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃၇)သိန်း(၅)သောင်းကျပ်၊ကျေးရွာ ရှိ ဆရာတော်သံဃာတော်များအား ၀ါဆိုသင်္ကန်း၊မိုးရေခံသင်္ကန်းတို့ကို လာရောက်လှူဒါန်း
 ထောက်ပံခဲ့ကြောင်း သိရှိရသည်။


မင်းဘူး သြဂုတ် ၂၇
ဧရာဝတီမြစ်အတွင်း ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ငါးမျိုးစိတ်များ တိုးပွားစေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို သြဂုတ်လ (၂၃)ရက်နေ့တွင် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ(မြစိမ်းရောင်ကျေးရွာ)အနီး မြစ်ကမ်းပါးတွင်
 ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ၀န်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ဝင်များ၊ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များ၊ရေလုပ်သားများနှင့် ဒေသခံပြည်သူများမှ
ဧရာဝတီမြစ်အတွင်း ငါးသားပေါက် ကောင်ရေ(၄)သိန်းကို တစ်ပျော်တစ်ပါး ၀ိုင်းဝန်စိုက် ထည့်ပေးခဲ့ကြောင်းနှင့် မင်းဘူးခရိုင်အတွင်း မြို့နယ်များရှိ ငါးမွေးကန်များ၊ မန်းချောင်းနှင့် မုန်းချောင်းများနှင့် အင်းများအတွင်းသို့ သြဂုတ်လအတွင်း ငါးမျိုးများ စိုက်ထည့်ဆောင်ရွက်ပေးနေလျက်ရှိ ကြောင်းသိရှိရသည်။



မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၇) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) တတိယနေ့ကို (၂၇.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာ ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား မကွေးတိုင်းဒေသကြီးအတွင်း ပွင့်ဖြူမြို့နယ်နှင့်

 စေတုတ္တရာမြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၇၅(ဂ)၊ တိုင်းဒေသကြီး သို့မဟုတ်ပည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၈(ဂ)အရ 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လွှတ်တော်သို့ ရှင်းလင်းတင်ပြချက်ကို မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတာဝန်ပေးအပ်ရန် သဘောတူ သတ်မှတ်ခြင်းခံရသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၅)ကို (၁၀၃၅)အချိန်တွင်အောင်မြင်စွာကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


မကွေး သြဂုတ် ၂၇
မကွေးမြို့နယ်တွင် မိုးနှမ်းစိုက်လျာထားဧက(၁၇၉၁၂၆)ဧကရှိပြီး ယခုအချိန်တွင် မိုးနှမ်းခင်းများကို အောင်မြင်စွာ ရိတ်သိမ်းနေကြပြီဖြစ်ပါသည်။ မကွေးမြို့တွင် နှမ်းတစ်ဧက အထွက်နှုန်းမှာ နှမ်းဖြူ ဖြစ်ပါက၁၂တင်းခန့် ထွက်ရှိပြီး နှင့် နှမ်းနက် မှာ (၈)တင်းမှ (၉)တင်းနှုန်းထွက်ရှိလျက် ရှိကြောင်းသိရသည်။
နှမ်းရိတ်သိမ်းပြီးယာမြေများတွင် ပေါင်းမြက်များ (လက်သဲလေးခွမြက်၊ ၀မ်းဘဲစာမြက်၊ တောက်တဲ့ လက်ဝါးမြက်များ၊ ကြက်မောက်) များထူ ထပ်နေသဖြင့် တောင်သူများမှာ ထိသေပေါင်းသတ်ဆေးများ ပက်ဖြန်းလျက် ရှိကြောင်းနှင့် အဆိုပါ ပေါင်းသတ်ဆေးများ ပက်ဖြန်းရခြင်းသည် ထယ်ထိုး ထွန်မွှေမှုလွယ်ကူလျှင်မြန်စေရန် ပေါင်းမြက်ကင်းစင်စေရန်အတွက်နှင့် နောက်သီးနှံများအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရန် အတွက် ရည်ရွယ်ပြီးသုံးစွဲခြင်းဖြစ်ကြောင်းဒသခံတောင်သူများ ကပြောကြား ပါသည်။ ယခု သြဂုတ်လအတွင်း နှမ်းဖြူ (၁)တင်းဈေးနှုန်းမှာ ၃၅၀၀၀ကျပ်နှင့် နှမ်းနက် (၁)တင်းဈေးနှုန်းမှာ ၇၀၀၀၀ကျပ်ခန့် ရှိသည့်အတွက် တောင်သူများ ၀င်ငွေတိုးတက်လျက် ရှိကြောင်းသိရသည်။
မကွေးမြို့နယ်အတွင်းတွင် နောက်ထပ်သီးနှံ သီးထပ်အဖြစ် ပင်ထောင်မြေပဲ ပဲတီစိမ်း၊ နွားစာပြောင်းများ စိုက်ပျိုးကြကြောင်းသိရသည်။

ချောက် သြဂုတ် ၂၇ ရက်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက်
 ချောက်မြို့မီးသတ်စခန်းမှ(ဆ/၁၆၉၃)တိုဂိုတာရေဂါလံ(၆၅၀)ဆံမီးသတ်စက်ယာဉ်(၁)စီးအားဂွေးပင်
ကျေးရွာသို့လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာမှ အထောက်အကူပြုဥက္ကဌ ဦးခင်မောင်လွင်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးသတ်စက်ယာဉ်ထားရှိမည့် နေရာ၊ အဆောက်အဦနှင့် လုံခြုံရေးကိစ္စရပ်အားပေါင်း စပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မီးသတ် ဦးစီးမှူးဦးရဲထွေးအောင်မှပြောပြချက်အရ သိရှိရသည်။

ချောက် သြဂုတ် ၂၇ ရက်
ချောက်မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့မှ ကြီးကြပ်မှု၍ တစ်ကိုယ်ရည်နှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးကိုလူထုပါဝင်ဆောင်ရွက်မှုဖြင့် အသွင်ကူးပြောင်းခြင်း(ဆင့်ပွား)သင်တန်းကိုမြို့နယ်ပြည်
သူ့ဆေးရုံတွင် ယနေ့နံနက် (၁၀း၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ရှားပင်ကျေးရွာ၊ မကျီးပင်တပ်ကျေးရွာ၊ ဆားတောင်(နောက်)ကျေးရွာ၊ ကန်သာကျေးရွားများမှ သင်တန်းသား (၁၆)ဦး၊ မြို့ပေါ်သင်တန်းသား(၄)ဦး စုစုပေါင်း သင်တန်းသား(၂၀)ဦးတိှု့အား (၃)ရက်တာ သင်တန်းဖွင့်လှစ်၍ မြို့နယ်ကြက်ခြေနီအသင်းမှ ဒုတပ်ရင်းမှူးဦးမိုးဟိန်း၊ အဖွဲ့ဝင်ဒေါ်ခင်ထွေးဝင်းနှင့် နေအြည်တော်ကြက်ခြေနီအသင်း(ရုံးချုပ်)မှ

ဦးအောင်ထွန်းတို့ကကြီးကြပ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းကောင်းသင်တန်းဖွင့်လှစ်ပေးခြင်းအားဖြင့်ကျေးရွာများ၏ ကျန်းမာရေးစောင့်ရှောက်မှု များဖြစ်သော ရေနှင့်ပတ်သက်သော ယင်လုံအိမ်သာများစနစ်တကျဆောင်ရွက်ရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါများ မဖြစ်ပွားအောင်စနစ်တကျကာကွယ်စောင့်ရှောက်တတ်စေရန် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း တာဝန်ရှိသူကြက်ခြေနီအသင်းအဖွဲ့မှ ဒုတပ်ရင်းမှူး ဦးမိုးဟိန်း၏ပြောကြားချက်အရသိရှိရသည်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည် (၂း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကွက်သစ်ရပ်ကွက်ရှိ စည်ပင်သာယာဈေးအနီးတွင် မသင်္ကာဖွယ် လူတစ်ဦးအား VIVO Y-15 အမျိုးအစား ဟန်းဆက်အနက်ရောင်(၁)လုံး (ဆင်းကဒ်မပါ) တန်ဘိုး ၁၆ဝ,ဝဝဝိ/-ခန့်၊ HUAWEI G-610 အမျိုးအစားအနက်ရောင်ဟန်းဆက်(၁)လုံး (ဆင်းကဒ် မပါ) တန်ဘိုး ၁၃ဝ,ဝဝဝိ/-ခန့်တို့နှင့်အတူတွေ့ရှိရ၍ မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေးမြို့၊ ကန်သာရပ်ကွက်နေ အောင်ကောင်းမြတ်(၁၉)နှစ်ဖြစ်ပြီး ဟန်းဆက်(၂)လုံးအား ပိုင်ဆိုင် ကြောင်း  ပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာခြင်းဖြစ်နိုင်ကြောင်း မသင်္ကာဖွယ် တွေ့ရှိရ၍ သက်သေများရှေ့တွင်သိမ်းဆည်းပြီး အောင်ကောင်းမြတ်အား မြို့သစ်မြို့နယ်၊ မြို့မ ရဲစခန်း (ပ)၁၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဒေါ်ခင်အုန်းမြင့်(၅၄)နှစ်၏ နေအိမ်တွင် ဖဲရိုက် လောင်းက စားပြုလုပ်နေကြောင်းသတင်းအရ ရေနံချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၁၅/၂ဝ၁၅) ဖြင့် ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

 ရေနံချောင်းမြို့၊ ရွာသစ်ရပ်ကွက်နေ ဒေါ်ခင်အုန်းမြင့်(၅၄)နှစ်၏ နေအိမ်တွင် ရွာသစ်ရပ်ကွက်နေ သူများဖြစ်သော ဒေါ်ခင်အုန်းမြင့်(၅၄)နှစ်၊ မမိုးမြတ်သူဇာ(၂၂)နှစ်၊ မစန္ဒာ(၂၄)နှစ်နှင့် မန္တလေး တိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ အောင်ထက်ထက်(၂၄)နှစ် တို့သည် AAA တံဆိပ်ပါ ဖဲချပ်(၁ဝ၈)ချပ်၊ ပန်းကန်ပြားအသေးတစ်ချပ်၊ အခင်းပြုလုပ်သော မိုးပြာရောင် ချည်စောင် (၁)ထည်၊ လောင်းကြေးငွေရောရာ ၈,၃ဝဝိ/- တို့နှင့်အတူ လောင်းကစားပြုလုပ် နေသည် ကို တွေ့ရှိရ သဖြင့် ဖဲရိုက်လောင်းကစားပြုလုပ်သူ ဒေါ်ခင်အုန်းမြင့် ပါ(၄)ဦး အား ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၃၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နံနက် (၁၀း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင် ၊ စေတုတ္တရာမြို့နယ်၊ ချီကျေးရွာတွင် အရက်အတူသောက်ရာမှ ညီအစ်ကိုချင်းစကားများ ရန်ဖြစ်ရာ ညီဖြစ် သူမှ ဓါးနှင့်ခုတ်၍ အစ်ကိုဖြစ်သူသေဆုံးသွားကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်မှာ စေတုတ္တရာမြို့နယ်၊ ချီကျေးရွာနေ ဦးအောင် (၆ဝ)နှစ်သည် နေအိမ်၌ သားများဖြစ်သော ခင်မောင်ဝင်း(၃၃)နှစ်၊ မောင်မုန်း (ခ) ခင်မောင်လင်း၊ ၃၁နှစ်နှင့် တစ်ရွာတည်းနေ ကိုမြင့်လွင် (၄၃)နှစ် တို့(၄)ဦးသည် နေအိမ်တွင်အရက်အတူတူသောက်ရာမှ ခင်မောင်ဝင်းနှင့် ညီဖြစ်သူ ခင်မောင်လင်းတို့ စကားများရန်ဖြစ်ပြီး ခင်မောင်ဝင်းမှ ခင်မောင်လင်းအား အရက်ပုလင်းဖြင့်ရိုက်ရာ ခင်မောင်လင်း၏ ဝဲပါး ရိုးပေါ်တွင် ပေါက်ပြဲဒဏ်ရာ(၁)ချက်ရရှိသွားသဖြင့် ညီအစ်ကို နှစ်ဦးလုံးထွေး သတ်ပုတ်ရာ ခင်မောင်လင်းမှ အနီးရှိ အရိုးအသွား(၂၁)လက်မ၊ ဗျက်(၂) လက်မရှိဓါးမအား ဆွဲယူ၍ ခင်မောင်ဝင်းအားခုတ်ရာ လည်ပင်း တွင်အရှည်(၄)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိပြီး သေဆုံး သွားကြောင်း ချီကျေးရွာ ရာအိမ်မှူး ဦးအောင်မောင်းမှ ဖုန်းဆက်အကြောင်းကြား၍ စေတုတ္တရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်သန်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ပြီး ဓါးဖြင့်ခုတ်သူ ခင်မောင်လင်းအား စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်း(ပ)၂၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃ဝ၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။




Wednesday, August 26, 2015


မကွေး သြဂုတ် ၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ န၀မအကြိမ်မြောက်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးအတွေ့အကြုံများ ထပ်ဆင့် ရှင်းလင်း သည့် အခမ်းအနားကို မကွေးတိုင်း ဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီကကျင်းပရာ မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းက အဖွင့်မှာစကားပြောကြား သည်။
အဆိုပါရှင်းလင်းပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်

တရားသူကြီးချုပ်များ၊တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၏ န၀မ အကြိမ်မြောက်လုပ်ငန်းညှိ နှိုင်းအစည်းအဝေး အတွေ့အကြုံများကို တိုင်းဒေသကြီး တရားလွှတ် တောတရားသူကြီး (၂)ဒေါ်နုယဉ်က ထပ်ဆင့်ရှင်းလင်းမှာကြားပြီး မကွေးတိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီး (၁)ဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်တို့မှတရား စီရင်ရေးလုပ်ငန်းများ၊ တရားရုံးဆိုင်ရာ စီမံခန့်ခွဲမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထပ်ဆင့်ရှင်းလင်းပွဲသို့ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးများ ၊တိုင်းဒေသကြီးတရားရေးဦးစီးမှူးနှင့်တရားရေးအရာရှိများ၊မကွေးတိုင်းဒေသ
ကြီး အတွင်းရှိ ခရိုင်တရားရုံးများနှင့်မြို့နယ်တရားရုံးများမှ တရား သူကြီးများ တက်ရောက်ကြကြောင်း သိရသည်။

Find Us on Facebook

Popular Posts

Video