Thursday, August 27, 2015



မင်းဘူး သြဂုတ် ၂၇
ဧရာဝတီမြစ်အတွင်း ငါးသယံဇာတ ပေါကြွယ်ဝစေရန်နှင့် ငါးမျိုးစိတ်များ တိုးပွားစေရန်ရည်ရွယ်၍ မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို သြဂုတ်လ (၂၃)ရက်နေ့တွင် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ(မြစိမ်းရောင်ကျေးရွာ)အနီး မြစ်ကမ်းပါးတွင်
 ဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ၀န်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်
အဖွဲ့ဝင်များ၊ကျေးရွာ မြစိမ်းရောင်ကော်မတီဝင်များ၊ရေလုပ်သားများနှင့် ဒေသခံပြည်သူများမှ
ဧရာဝတီမြစ်အတွင်း ငါးသားပေါက် ကောင်ရေ(၄)သိန်းကို တစ်ပျော်တစ်ပါး ၀ိုင်းဝန်စိုက် ထည့်ပေးခဲ့ကြောင်းနှင့် မင်းဘူးခရိုင်အတွင်း မြို့နယ်များရှိ ငါးမွေးကန်များ၊ မန်းချောင်းနှင့် မုန်းချောင်းများနှင့် အင်းများအတွင်းသို့ သြဂုတ်လအတွင်း ငါးမျိုးများ စိုက်ထည့်ဆောင်ရွက်ပေးနေလျက်ရှိ ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video