Thursday, August 27, 2015




မကွေး၊ ၂၀၁၅ ခုနှစ် ၊ သြဂုတ်လ (၂၇) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၁၅) တတိယနေ့ကို (၂၇.၈.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈)ဦး ရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်း တက်ရောက် သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း
ကြေညာ ပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား မကွေးတိုင်းဒေသကြီးအတွင်း ပွင့်ဖြူမြို့နယ်နှင့်

 စေတုတ္တရာမြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှုများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေတို့အား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၇၅(ဂ)၊ တိုင်းဒေသကြီး သို့မဟုတ်ပည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၈(ဂ)အရ 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လွှတ်တော်သို့ ရှင်းလင်းတင်ပြချက်ကို မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတာဝန်ပေးအပ်ရန် သဘောတူ သတ်မှတ်ခြင်းခံရသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။
ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၅)ကို (၁၀၃၅)အချိန်တွင်အောင်မြင်စွာကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video