Thursday, August 27, 2015



မကွေး သြဂုတ် ၂၇
မကွေးမြို့နယ်တွင် မိုးနှမ်းစိုက်လျာထားဧက(၁၇၉၁၂၆)ဧကရှိပြီး ယခုအချိန်တွင် မိုးနှမ်းခင်းများကို အောင်မြင်စွာ ရိတ်သိမ်းနေကြပြီဖြစ်ပါသည်။ မကွေးမြို့တွင် နှမ်းတစ်ဧက အထွက်နှုန်းမှာ နှမ်းဖြူ ဖြစ်ပါက၁၂တင်းခန့် ထွက်ရှိပြီး နှင့် နှမ်းနက် မှာ (၈)တင်းမှ (၉)တင်းနှုန်းထွက်ရှိလျက် ရှိကြောင်းသိရသည်။
နှမ်းရိတ်သိမ်းပြီးယာမြေများတွင် ပေါင်းမြက်များ (လက်သဲလေးခွမြက်၊ ၀မ်းဘဲစာမြက်၊ တောက်တဲ့ လက်ဝါးမြက်များ၊ ကြက်မောက်) များထူ ထပ်နေသဖြင့် တောင်သူများမှာ ထိသေပေါင်းသတ်ဆေးများ ပက်ဖြန်းလျက် ရှိကြောင်းနှင့် အဆိုပါ ပေါင်းသတ်ဆေးများ ပက်ဖြန်းရခြင်းသည် ထယ်ထိုး ထွန်မွှေမှုလွယ်ကူလျှင်မြန်စေရန် ပေါင်းမြက်ကင်းစင်စေရန်အတွက်နှင့် နောက်သီးနှံများအချိန်မီ စိုက်ပျိုးပြီးစီးနိုင်ရန် အတွက် ရည်ရွယ်ပြီးသုံးစွဲခြင်းဖြစ်ကြောင်းဒသခံတောင်သူများ ကပြောကြား ပါသည်။ ယခု သြဂုတ်လအတွင်း နှမ်းဖြူ (၁)တင်းဈေးနှုန်းမှာ ၃၅၀၀၀ကျပ်နှင့် နှမ်းနက် (၁)တင်းဈေးနှုန်းမှာ ၇၀၀၀၀ကျပ်ခန့် ရှိသည့်အတွက် တောင်သူများ ၀င်ငွေတိုးတက်လျက် ရှိကြောင်းသိရသည်။
မကွေးမြို့နယ်အတွင်းတွင် နောက်ထပ်သီးနှံ သီးထပ်အဖြစ် ပင်ထောင်မြေပဲ ပဲတီစိမ်း၊ နွားစာပြောင်းများ စိုက်ပျိုးကြကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video