Thursday, August 27, 2015


ပွင့်ဖြူ သြဂုတ် ၂၇
မုန်းချောင်းရေကြီးမှုကြောင့်ရေဘေးသင့်ခဲ့သော ပွင့်ဖြူမြို့နယ်
ညောင်ကုန်းကျေးရွာနှင့် သာစည်ကျေး ရွာများရှိ ရေဘေးသင့်ပြည်သူများအား ပခုက္ကူခရိုင် မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာနှင့် ကြက်မောက်ကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာ(၁၁)ရွာမှ ပြည်သူများက စုပေါင်း၍ထောက်ပံ့ငွေများ ကျေးရွာအရောက် သွားရောက် လှူဒါန်းမှုများပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာနှင့် သာစည်ကျေးရွာတို့သည် မုန်းချောင်းကမ်းပါး အနီးတွင် တည်ရှိ ပြီး မုန်းချောင်းရေကြီးမှုကြောင့် လယ်ယာ/ကိုင်းမြေများ သဲနှုန်းများ (၄)ပေခန့်တင်ကျန်ရစ်ခဲ့၍ စိုက်ပျိုးရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများဖြစ်နေသည်။ မြန်မာပြည်အတွင်း

 အနယ်နယ်အရပ်ရပ်မှ ပရဟိတအဖွဲ့များနှင့် စေတရှင်အလှူရှင်များ၏ လှူဒါန်းထောက်ပံ့မှုများဖြင့် ယာယီစားဝတ်နေရေး အဆင်ပြေ နေသော်လည်း စိုက်ပျိုးရေးလုပ်ငန်းဆက်လက် လုပ်ကိုင်နိုင်ရန် အရင်းအနှီးများလိုအပ်နေသဖြင့် မြိုင်မြို့နယ် မန်ကျည်းကန်အုပ်စုနှင့်ကြက်မောက်အုပ်စု အတွင်းရှိ ကျေးရွာများမှညောင်ကုန်းကျေးရွာနှင့် သာစည်ကျေးရွာရှိ အိမ်ထောင်စု(၂၅၀)အတွက် တစ်အိမ်ထောင်လျင် (၁၅၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃၇)သိန်း(၅)သောင်းကျပ်၊ကျေးရွာ ရှိ ဆရာတော်သံဃာတော်များအား ၀ါဆိုသင်္ကန်း၊မိုးရေခံသင်္ကန်းတို့ကို လာရောက်လှူဒါန်း
 ထောက်ပံခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video