Thursday, August 27, 2015


ဂန့်ဂေါ သြဂုတ် ၂၆
၁၉၁၆ ခု မေလတွင် တိုင်းရင်းဘာသာ မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့် ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ အထက်တန်းကျောင်းသည် ၂၀၁၆ ခုနှစ် မေလတွင် နှစ် (၁၀၀) ပြည့်မြောက်မည်ဖြစ်ရာ နှစ် (၁၀၀) ပြည့်အခမ်းအနားကို ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ရာပြည့်အခမ်းအနားအပြင် ရာပြည့်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးအတွက် စာမူများဖိတ်ခေါ်ခြင်းနှင့် ရာပြည့်ကျောက်စာတိုင် စိုက်ထူနိုင်ရေးတို့ကိုလည်း စီစဉ် ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ ရှုံးရှီရွာ အခြေခံပညာအထက်တန်းကျောင်း ရာပြည့်မော် ကွန်းကျောက်စာတိုင်စိုက်ထူနိုင်ရေး ပထမအကြိမ်အလှူငွေပေးအပ်ပွဲကို သြဂုတ် ၂၂ ရက်က ကျောင်းခန်းမ၌ပြုလုပ်ရာ စေတနာရှင် မလေးရှားနိုင်ငံ မှ ဦးထူးအောင်ပေးပို့သည့် ငွေကျပ် ၁၀ သိန်းအား မိခင်ဖြစ်သူ ဒေါ်သန်းကြွယ်က
ရှုံးရှီအထကနှစ်(၁၀၀)ပြည့်ကျင်းပရေးကော်မတီဥက္ကဌ ကျောင်းအုပ်ဆရာကြီး ဦးအုပ်စိုးထံပေးအပ်လှူဒါန်းကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video