၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နေ့လည် (၂း၅၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ် ၃၉/၄ နှင့် ၃၉/၅ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ပျော်ဘွယ်ဘက်မှ နတ်မောက်ဘက်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်နေသူ ယာဉ်မောင်း ဦးမြင့်ဆွေ (၅၅)နှစ် မောင်းနှင်သော ယာဉ်အမှတ် 7C/xxxxx SURF ခဲရောင် မော်တော်ယာဉ်နှင့် နတ်မောက်မှ ပျော်ဘွယ်ဘက် သို့ နတ်မောက်မြို့နယ်၊ နဘူးကွဲကျေးရွာနေသူ ဖြိုးကျော် (၂၂)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာတည်းနေ မသန်းနု(၄၅)နှစ် လိုက်ပါလာသော ၃၇ယ/xxxxx TAYAN 110 အနက်ရောင် ဆိုင်ကယ်တို့ အရှိန် မထိန်းနိုင်ဘဲ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိရာ ဖြိုးကျော်မှာ ဒဏ်ရာများရရှိ ခဲ့သဖြင့် ဆေးရုံသို့ ပို့အပ်စဉ် လမ်း၌သေဆုံး သွားခဲ့ပြီး မသန်းနုတွင် စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင် မောင်းနှင်သူ ဦးမြင့်ဆွေနှင့် ဖြိုးကျော် တို့(၂)ဦး အား နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေ ရဲစခန်း ယာဉ်(ပ)၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Friday, August 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment