၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက် (၁၁း၅၀)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာ အနီး၊ တောင်တွင်းကြီး-မြို့သစ်ကားလမ်း မိုင်တိုင်အမှတ် (၁၃/၀)နှင့် (၁၃/၁) အကြားတွင် အမျိုးသမီး တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကြောင်း သတင်းအရ သက်သေများ နှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက် စစ်ဆေးရာ နံနက် (၁၁)နာရီခွဲ အချိန်ခန့်က ၄င်းလမ်းအတိုင်း တောင်တွင်းကြီး မြို့နယ်ဘက်မှ မြို့သစ် မြို့နယ် ဘက်သို့ မြို့သစ်မြို့နယ်၊ ကျောင်းကုန်းရွာနေသူ အောင်မျိုးခန့် (၁၉)နှစ်သည် ၄၂ယ/xxxxx YUBAO 125 ဖြူနက်ကြား ဆိုင်ကယ်နောက်တွင် အစ်မ ဖြစ်သူ မသဲရွှေရည်နှင်း (ခ)သဲသဲ (၂၀)နှစ် အား တင်ဆောင်၍ အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် မသဲရွှေရည်နှင်း (ခ)သဲသဲမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ အောင်မျိုးခန့် အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Friday, August 28, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment