Friday, August 28, 2015


ကျောက်ထု သြဂုတ် ၂၇
“ယော” အရပ်ဒေသသည် မကွေးတိုင်းဒေသကြီးတွင်ပါဝင်၍ ပုံတောင်၊ ပုံညာတောင်ဒေသနှင့် ချင်း တောင်တန်းကြားရှိ လွင်ပြင်ဒေသကိုခေါ်သည်။ အဆိုပါဒေသ၌ ဗမာ ၉ မျိုးတွင် တစ်မျိုးဖြစ်သည့် ယော ဗမာ လူမျိုးများ အများစုနေထိုင်ကြသည်။ ယော အရပ်ဒေသတွင် ဗမာစကားကိုပြောဆိုကြသော် လည်း လေယူ လေသိမ်းနှင့် အသံထွက်ရှိပုံ ကွဲပြားမှုရှိ သည့်အတွက် သီးခြားစကားကဲ့သို့ဖြစ်နေကာ ရိုးရာယဉ်ကျေးမှု ဓလေ့ စရိုက်များလည်း တစ်မျိုးတစ်ဘာသာ ဖြစ်တည်နေသည်များရှိသည်။
ယောဓလေ့ယဉ်ကျေးမှုဓလေ့များအနက် သနပ်ခါးပါးတို့ပွဲကျင်းပ သည့်ဓလေ့၊ အိုးစည်ပြိုင်ပွဲကျင်းပ သည့်ဓလေ့၊ ဖယောင်းထောင်ချပွဲကျင်းပ သည့်ဓလေ့တို့မှာ လူသိများသည်။ အဆိုပါယဉ်ကျေးမှုဓလေ့များနှင့်
ဒေသ၏ရိုးရာဓလေ့များ မပျောက်ပျက်စေရေးအတွက် ဂန့်ဂေါခရိုင်ကျောက်ထုမြို့ဒေသ ပြင်လယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ် ၂၅ ရက်ကသံဃာတော်များ၊လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေး

 ကြရာ ယောဒေသတွင်ပါဝင်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော စသည့် မြို့နယ်များတွင်
 ယောဓလေ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ကျင်းပဆောင်ရွက်နိုင်ရေး ထည့်သွင်းဆွေးနွေး ကြ ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video