Friday, August 28, 2015



မင်းဘူး သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးရွာများသို့ သြဂုတ် ၂၄ ရက်နေ့မှ စက်တင်ဘာ ၂ ရက်နေ့အထိ တိုင်းဒေသကြီိးအစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီိးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ၊စေတနာရှင် များပေါင်း၍ နယ်လှည့်အခမဲ့ ဆေးကု သခြင်းဆောင်ရွက်မည်ဖြစ်ပြီး သြဂုတ် ၂၅ ရက်နံနက် ၁၁နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီိးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများမှ ဆေးကုသ မှုဆောင်ရွက်နေသည့်ကျေးရွှာသို့သွားရောက် ကြည့်ရှု အားပေး ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာ ဓမ္မာရုံတွင် တိုင်းဒေသကြီိး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီိး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ၊စေတနာရှင် များပေါင်း၍နယ်လှည့်အခမဲ့ ဆေးကုသပေးရာတွင် ဆေးကုသမှုခံယူရန် ရောက်ရှိ နေသာ ကျေးရွာသူ ကျေးရွာသားများနှင့်လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဆေးကုသ ပေးသော ဆရာဝန် ဆရာမများအား အားပေးဂုဏ်ပြု စကားပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည်ရေတွင်းကုန်းကျေးရွာ ဘုန်းတော်

 ကြီးကျောင်း ဆရာတော်အား ၀င်ရောက်ဖူးမြှော်ကြည်ညို၍ လှူဘွယ်ဝထ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒသကြီးဝန်ကြီးချုပ်သည် ရေတွင်းကုန်းကျေးရွာ အခြေခံပညာ အလယ် တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းတွင်တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူ များအား တွေ့ဆုံ၍ ကလေးငယ်များ၏ကျန်းမာရေး၊စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ဂရုတစ်စိုက်ဆောင်ရွက်ရေးတို့ကို ဆရာ/ဆရာမများအား မှာကြားခဲ့ပြီး တိုးတက်ဧရာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသောအထက(ခွဲ) ပေ(၁၂၀x၃၀)အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ်

 ဆောက်လုပ်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေး၍လိုအပ်သည်များကိုဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။ မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာနှင့် အနီပတ်ဝန်းကျင်ကျေးရွာများမှရောဂါဝေဒနာရှင် များအားအခမဲ့ဆေးကု သပေးရာတွင် မျက်စိလူနာ (၁၀၉)ဦး၊သွားနှင့်ခံတွင်းဝေဒနာရှင်(၅၇)ဦး၊ တိုင်းရင်း ဆေး(၁၂၀)ဦး၊အထွေထွေ(၅၃၄)ဦး၊အရိုးအကြော(၁၁၆)ဦး လာရောက်ဆေးကုသမှု ခံယူခဲ့ကြကြောင်းနှင့် နယ်လှည့်အခမဲ့ဆေး ကုသရေးအဖွဲ့မှ ကျန်ရှိနေသည့် စုရပ်ကျေးရွာ များသို့သွာရောက်ကာ ဆက်လက် ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video