၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ ည (၉) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တည်ဘိုကန်ကျေးရွာတွင် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင် ရွက်နေစဉ် ရွာလယ်လမ်း၌ ရွာနေ မြင့်ခိုင်(၄၃)နှစ်သည် အရက်သေစာသောက်စားပြီး အရိုး အသွား(၁၄) လက်မ ၊ သံရိုးတပ်ဓါးမြှောင်(၁)ချောင်း ကိုင်ဆောင်ရမ်းကားနေကြောင်း တွေ့ရှိရ သဖြင့် မြင့်ခိုင်အား စလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၇၈/၂ဝ၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, August 29, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment