Saturday, August 29, 2015





မကွေး သြဂုတ် ၂၈
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များတိုင်းဒေသကြီး အဆင့် ဖွင့်ပွဲအခမ်းအနား(၂၀၁၅)ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၁၀)နာရီ အချိန်တွင် မကွေးတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခမ်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းကအဖွင့်အမှာစကား

 ပြောကြားပြီးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်ကကျန်းမာရေးဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းကိုဖတ်ကြားသည်။အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လ တစ်လလုံး ဗဟိုအဆင့်နေနှင်သာမကတိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊မြို့နယ်များတွင်နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ရာ (၁၃)ကြိမ်ရှိခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်ကို နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ် တစ်ခုရွေးချယ် ပြီးကျင်းပလေ့ရှိရာ ယ္ခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်မှာ လုပ်ငန်းခွင်မပျက် မိခင်နို့တိုက်ကျွေးနိုင်ဘို့ ကူညီစို့ဖြစ် ပါသည်။
ဆက်လက်၍ စံပြမိခင်ပြိင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယ၊ဆုရမိခင်များနှင့်နှစ်သိမ့်ဆုရမိခင်(၃)ဦးတို့ အားလူမှုရေးဝန်ကြီးဦးအောင်ကျော်မင်း၊ မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သင်းသင်းထွေးနှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီးအသက်(၆)လမှ

(၅)နှစ်အောက်ကလေးများအား ဗီတာ မင်ဆေးလုံးတိုက်ကျွေးခြင်း၊ကိုယ်ဝန်ဆောင်အမျိုးသမီးများအား သံဓါတ်ဆေးပြား၊ဘီတာမင်ဘီဝမ်းနှင့်သန်ချဆေးပြားများကိုဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video