Saturday, August 29, 2015
2:22 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆိပ်ဖြူ သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး ၊ပခုက္ကူမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် တန့်ကြည့်တောင် စွယ်တော်မြတ် စေတီ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် ၀ါခေါင်လတွင် ကျင်းပလျက်ရှိရာ မြန်မာ့မီးရထား တိုင်းအမှတ်(၁၀) ပခုက္ကူ က ဘုရားပွဲတော် စည်ကားသိုက်မြိုက်ရေး ၊ ဘုရားဖူး ခရီးသွားပြည်သူ အများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပခုက္ကူဘူတာမှ တန့်ကြည့်တောင် ဘူတာသို့ လည်းကောင်း ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် ဘူတာကို (၀ါခေါင်လဆန်း ၁၃ရက်နေ့မှ ၀ါခေါင်လပြည့်နေ့) သြဂုတ်လ ၂၈ရက်နေ့မှ ၃၀ရက်နေ့ထိ ဆိပ်ဖြူ-တန့်ကြည့်တောင်ကို နံနက် ၇နာရီ အချိန်တွင် လည်းကောင်း ပခုက္ကူ -တန့်ကြည့်တောင်ကို ညနေ ၄နာရီ၁၅မိနစ် အချိန်များတွင် ပြေးဆွဲ ပေးလျက်ရှိရာ တန့်ကြည့်တောင်ဘူတာမှ ဆိပ်ဖြူဘူတာ သို့ ညနေ ၄နာရီခွဲ အချိန်တွင် လည်ကောင်း တန့်ကြည့်တောင်-ပခုက္ကူ ကို နောက်တစ်နေ့နံနက် ၆နာရီ၅မိနစ် အချိန်များတွင် ပြန်လည်ထွက် ခွာကာ အချိန် မှန်ပြေးဆွဲပေးခဲ့သည်။ ပခုက္ကူ- ဆိပ်ဖြူ အချိန်မှန် ရထားကို လက်ရှိပြေးဆွဲချိန် အတိုင်းပြေးဆွဲပေး နေပြီး ဘုရားပွဲတော် အထူးရထား စီနင်းခ တစ်ဦးလျင် ဆိပ်ဖြူဘူတာမှ တန့်ကြည့်တောင် (၃၅၀)ကျပ် ၊ပခုက္ကူမှ တန်ကြည့်တောင်း (၃၀၀)ကျပ်တို့ဖြင် သာပြေးဆွဲပေးထားကြောင်း ဆိပ်ဖြူမြို့နယ် မြန်မာ့မီးရထား ရုံပိုင်ကြီး ဦးဇော်လင်းဦး မှ ပြောကြားသိရှိရ သည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment