Saturday, August 29, 2015
3:02 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
နတ်မောက် သြဂုတ်၂၉
ကျောက်ပန်းတောင်းညောင်ဦးမြို့နယ်နှင့်နတ်မောက်မြို့နယ်အတွင်းလှည့်ပတ်ဝင်ရောက်သွား
လာနေသောတောဆင်ရိုင်း(၆)ကောင်မှာဆင်(၅)ကောင်သာကျန်ရှိ၍သြဂုတ်၂၈ရက်နံနက်ပိုင်းက
နတ်မောက်မြို့နယ်အတွင်းသွားလာနေကြောင်းသိရသည်။
အဆိုပါတောဆင်ရိုင်းများမှာချောင်းနက်ကျေးရွာ၊အုတ်ဖိုကျေးရွာများရှိတောစပ်များကိုဖြတ်ပြီး
မယ်ဇလီပင်ကျေးရွာနှင့်ဒီးဒုတ်ကုန်းကျေးရွာနှစ်ရွာကြားရိုးပြတ်တောထဲတွင်ဆင်(၅)ကောင်တွေ့
ရှိခဲ့ရာဆင်ကြီးလေးကောင်နှင့်ဆင်ငယ်တစ်ကောင်တာဖြစ်ပြီးပဲစဉ်းငုံနှင့်ပြောင်းဖူးကြဲထားသည့်
ယာခင်းထဲတွင်ဝင်ရောက်အစာများစားနေကြောင်းတွေ့ရှိရသည်။အဆိုပါဆင်များနတ်မောက်
မြို့နယ်အတွင်းသွားလာရာလမ်းတလျှောက်တွင်တောသူတောင်သားများမည်သူ့ကိုမဆိုအန္တရာယ်
မပြုခဲ့ကြောင်းတွေ့ရှိရသော်လည်းမကွေးခရိုင်တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ၊နတ်မောက်မြို့နယ်
အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်သစ်တောဦးစီးဌာနမှသစ်တောဦးစီးအရာရှိနှင့်
ဝန်ထမ်းများ၊သစ်တောဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်ဆင်ထိန်းသိမ်းရေးစခန်းအချို့မှတာဝန်ရှိများ
လိုက်ပါလာ၍ဆင်များဖြတ်သန်းသွားမည့်နေရာများနှင့်ဆင်ရိုင်းများတွေ့ရှိပါကဝေးရာတို့ရှောင်ရှားသွား
လာရန်ပြောကြားခြင်း၊ကျေးရွာအုပ်ချုပ်ရေးမှူးများမှာလည်းအသံချဲ့စက်များဖြင့်သတိပေးနိုးဆော်နေသည်
ကိုတွေ့ရှိရသည်။သြဂုတ်၂၈ရက်ညနေငါးနာရီခန့်တွင်ရရှိသောသတင်းအရအဆိုပါတောဆင်ရိုင်းများ
ခိုအောင်းနေရာသို့သက်ဆိုင်ရာဌာနဆင်အယဉ်လေးကောင်ဖြင့်ခြောက်လန့်ခေါ်ဆောင်ပြီလက်ရှိနေရာမှ
နတ်မောက်မြို့နယ်လဲဘူးကျေးရွာ၊သပွတ်ပင်လမ်းကြောင်းမှတဆင့်မြို့သစ်မြို့နယ်အရှေ့ဖျားဒေသတဝိုက်ရှိ
ရိုးမတောစပ်သို့အရောက်တဆင့်ခြင်းမောင်းပို့သွားရန်ဆောင်ရွက်နေပြီဖြစ်ကြောင်းနတ်မောက်မြို့နယ်
သစ်တောဦးစီးအရာရှိဦးနေမျိုးထွန်းမှပြောကြားခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment