Saturday, August 29, 2015



မကွေး သြဂုတ် ၂၉
မကွေးမြို့တွင် ကျောင်းပေါင်းစုံအခြေခံရှေးဦးသူနာပြုသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်း ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်စမ်းစမ်းအေးက သင်တန်းဆင်းအမှာစကားပြောကြားပါ သည်။ဆက်လက်ပြီး သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ် များကို မကွေးမြို့နယ်ကြက်ခြေနီ ဒုတပ်ရင်းမှူး ကပေးအပ်ပါသည်။ အဆိုပါ ကျောင်းပေါင်းစုံ အခြေခံရှေးဦးသူနာပြုသင်တန်းကို ၈.၈.၂၀၁၅ရက်နေ့မှ ၂၉.၈.၂၀၁၅ရက်နေ့ထိ အထက်-၁၊ အထက-၂၊ အထက-၃တို့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၁၇၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video