Saturday, August 29, 2015




မကွေး    သြဂုတ်လ     (၂၉)  ရက်

 မကွေးတိုင်းဒေသကြီးအတွင်းရှိ  စေတုတ္တရာမြို့နယ်တွင် ဇူလိုင်လကုန်ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေးဘေးဒဏ်ခံခဲ့ရသည့်ဒေသရှိ ရေးဘေးသင့်ပြည်သူများအတွက်
 ထောက်ပံ့လှူဒါန်းပစ္စည်းများ စနစ်တကျဝေငှနိုင်ရန် စေတုတ္တရာမြို့နယ် အလှူခံပစ္စည်းများ လက်ခံဖြန့်ဝေရေးစခန်းအနေဖြင့်ရရှိသည့် ထောက်ပံ့အလှူပစ္စည်းများကို ဒေသအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုကော်မတီ၊လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်း၍
 ရေးဘေးသင့်ပြည်သူများအားလုံး ထောက်ပံ့ပစ္စည်းများ အမှန်တကယ် လက်ဝယ်ရရှိရေး စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိသည်။
          စေတုတ္တရာမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးဝေရာရေနစ်မြုပ်သည့်မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၂၈)ရွာအပြင် ရေနစ်မြုပ်ခြင်းမရှိသည့် ကျေးရွာ
(၅၉)ရွာရှိ ဒေသခံပြည်သူများ လတ်တစ်လောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်နှင့်စားရိက္ခာပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာမှာ သြဂုတ်လ(၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့များတွင် ရေနစ်မြုပ်ခြင်းမရှိသည့် ပင်းချောင်းကျေးရွာမှ ဒေသခံပြည်သူများ အတွက် စုစုပေါင်း ဆန်(၂၆)အိတ်၊ ဆီ (၅၀)ကျပ်သားဗူး (၂၄)ဗူး၊ ကုလားပဲ (၃၀)ပိသာ၊ အ၀တ်အထုပ်မျိုးစုံ (၁၆)ထုတ်၊ ဓါတ်ဆားအထုတ်(၁၀၀)ပါ ဖာ(၂)ဖာ၊ ဆေးမျိုးစုံ ၊ ခေါက်ဆွဲခြောက်နှင့် အခြားအသုံးအဆောင်ပစ္စည်း (၁၄)မျိုးတို့ကို ထောက်ပံ့ပေးဝေခဲ့ကြောင်းသိရှိရသည်။
          ယခုအခါ တာဝန်ရှိသူများက ရေနစ်မြုပ်ခဲ့သည့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ လယ်မြေများအချိန်မီစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင် ရွက်နေသကဲ့သို့ ရေးဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းနှင့် ချောင်းကူးတံတားများ ပုပြင်ခြင်းလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့များ၊  သက်ဆိုင်ရာဌာနဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video