Saturday, August 29, 2015




မကွေး    သြဂုတ်လ   (၂၉) ရက်

          မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု ဘိုကုန်းကျေးရွာမှ အိမ်ထောင်စု(၃၁)စုမှာ ဖြစ်ကမ်းပါးပြိုကျ၍ နေထိုင်ရန်အခက်အခဲရှိသည့်အတွက် စလင်းမြို့နယ် စလင်း-ဆိပ်ဖြူ ကားလမ်းမကြီးဘေးရှိ တညောင်လျှပ်စစ်မြစ်ရေတင် ဧရိယာအတွင်း စပါးစိုက်ပျိုးသည့် လယ်မြေများပေါ်တွင် လူနေအိမ်ဆောက်လုပ် နေထိုင်ရေး မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြထားကြောင်း သိရသည်။
          ဘိုကုန်းကျေးရွာတွင် အိမ်ထောင်စု(၇၆)စု၊ လူဦးရေ(၃၂၃)ဦးရှိပြီး မြစ်ကမ်းပါးနှင့် အလွန်နီးကပ်လျက်ရှိသည့် အိမ်ထောင်စု(၃၁)စုမှာ နေထိုင်ရန် အခက်အခဲရှိနေသဖြင့် ယင်းတို့အနက် အိမ်ထောင်စု(၁၇)စုသည် ၂၀၁၄ခုနှစ် သြဂုတ်လတွင် ဘိုကုန်းကျေးရွာရှိ ကိုင်းကွက်များတွင် ပြောင်းရွှေ့နေထိုင်ကြသည်။ ယခုပြောင်းရွှေ့နေထိုင်လိုသည့် စလင်း-ဆိပ်ဖြူ ကားလမ်းမကြီး၏ဘေးရှိမြေနေရာသည် တညောင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧရိယာအတွင်းရှိ စပါးစိုက်ပျိုးသည့်မြေနေရာဖြစ်သည်။ ယင်းစီမံကိန်းလယ်မြေများသည် ဒေသ၀မ်းစာဖူလုံရေးအတွက် စိုက်ပျိုးသည့် လယ်မြေများဖြစ်၍ လူနေအိမ်ဆောက်လုပ်နေထိုင်ပါက စပါးစိုက်ပျိုးသည့် ဧကများထိခိုက်လျော့နည်းနိုင်ခြင်း၊ အခြားကျေးရွာများမှလည်း စိုက်ပျိုးမြေများပေါ်သို့  ပြောင်းရွှေ့ နေထိုင်လာနိုင်ခြင်းနှင့် လယ်ယာမြေဥပဒေအရ လယ်မြေများပေါ်တွင် လူနေအိမ်ဆောက်လုပ်နေထိုင်ခွင့်မရှိခြင်းတို့ကြောင့် ၄င်းတို့မူလနေထိုင်ရာ ဘိုကုန်းကျေးရွာ အနီးရှိ ကိုင်းကွက်များတွင်သာ ပြောင်းရွှေ့နေထိုင်သင့်ကြောင်းကို မြို့နယ်ကော်မတီ(၃)ရပ်မှ အကြံပြုထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video