Sunday, August 30, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ ည (၉း၅၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၉) ရပ်ကွက်အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဧရာဝတီတံတား (ပခုက္ကူ)ပေါ်၌ လူငယ်တစ်ဦးမှ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်အောင် အရက်သောက်စား ၍ အော်ဟစ်ဆူပူ ရမ်းကားနေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ ပခုက္ကူမြို့၊ အမှတ် (၁၅) ရပ်ကွက်နေသူ ဖြိုးဇင်ဝင်း (၂၁)နှစ်သည် အရိုးအသွား(၂)ပေ (၆)လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်း အား ကိုင်ဆောင် ရမ်းကားနေ သည်ကို တွေ့ရှိရသဖြင့် တရားမ၀င် ဓါးလက်နက် ကိုင်ဆောင်သူ ဖြိုးဇင်ဝင်း အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၄၀/၂၀၁၅၊ လက်နက် ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video