Monday, August 31, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲအကူတပ်ဖွဲ့ခွဲမှူးရုံး အစည်းအဝေးခန်းမတွင် ၃၁.၈.၂ဝ၁၅ ရက်နေ့ ဝ၈၃ဝ အချိန်မှ ဝ၉ဝဝ အချိန်ထိ မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ် ကာကွယ်ရေး ပစ္စည်းများ ကိုင်တွယ် အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်းမှ သင်တန်းဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး အခမ်း အနားသို့ ဦးစီးအရာရှိ (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယရဲမှူးကြီး မောင်မောင်အေး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ချန်ထွန်းအောင်၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ရဲမှူး သက်လွင် (ရဲမှူး ဦးစီး)၊ ဒုရဲမှူး နီဝင်း (ဒုရဲမှူးဦးစီး)၊ အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်ဌေး၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ(၂)ဦး၊ ရဲအကူ တပ်ဖွဲ့ခွဲမှ အရာရှိ(၅)ဦး၊ အမှတ်(၉၁ဝ) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ သင်တန်းနည်းပြ အခြားအဆင့် တပ်ဖွဲ့ဝင် (၂)ဦး၊ အခမ်းအနား တက်ရောက်သူ အခြားအဆင့်တပ်ဖွဲ့ဝင်(၁)ဦး၊ သင်တန်းသား အရာရှိ တပ်ဖွဲ့ဝင်(၆)ဦး၊ အခြားအဆင့် တပ်ဖွဲ့ဝင် (၂၄)ဦး၊ စုစုပေါင်း(၄၇)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်း ကာလမှာ ၃၁.၈.၂ဝ၁၅ ရက်နေ့မှ ၂၅.၉.၂ဝ၁၅ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ် ကြာမြင့်မည် ၊ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

သင်တန်းဖွင့်ရခြင်း၏ရည်ရွယ်ချက်မှာ တပ်ဖွဲ့ဝင်များ မိုင်းအခြေခံသဘောတရားနှင့် မိုင်းအန္တရာယ် ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် မိမိနယ်မြေအတွင်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များကို စနစ်တကျ တားဆီးကာကွယ်ရှာဖွေဖော်ထုတ် ရှင်းလင်းဆောင်ရွက်တတ်စေရန် ဖြစ်ကြောင်း သိရှိရပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video