Friday, August 28, 2015
3:56 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
သရက် သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့် လုပ်ငန်းများ လွယ်ကူမြန်ဆန် အဆင်ပြေ ချောမွေ့စေရေး ၊ပြည်သူ့ဝန်ဆောင်မှု့ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်ဖွင့်လှစ်သည့်
ပြည်သူ့ဝန်ဆောင်မှု့ရုံး(One Stop Shops) ဖွင့်လှစ် ခြင်းကို ယနေ့ နံနက်(၀၈း၃၀)နာရီက တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးကြည်မင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ်
ဒေါ်ယဉ်ယဉ်လှ၊ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီ ဥက္ကဌ ဦးတင်အောင်မြင့်တို့က အဆိုပါ ရုံးသစ်ရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ပြည်သူ့ဝန်ဆောင်မှု့ရုံးအတွင်း လိုက်လံကြည့်ရှု့ကြသည်။ အဆိုပါ ရုံးအား ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးအရာရှိကတာဝန်ခံကြီးကြပ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူဝန်မှု့ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဥိးစီးဌာန ၊မီးသတ် ဦးစီးဌာန၊လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာန ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန နှင့် ပြည်တွင်းအခွန်ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်း၍ ဌာနအလိုက် ၀န်ဆောင်မှု့ ပေးနိုင် မည့် လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိစ္စများကို တစ်နေရာတည်း တွင် လွယ်ကူမြန်ဆန် အဆင်ပြေ ဆောင်ရွက် နိုင်ပြီ ဖြစ်ပြီး ဌာနဆိုင်ရာ အဖွဲ့ အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်မည့် လုပ်ငန်းများ ယခင်ကာလထက် လွယ်ကူမြန်ဆန် အဆင်ပြေမှု့များ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment