Saturday, August 29, 2015

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နံနက် (၇း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ဧရာဝတီတံတား (မကွေး) ပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၄) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)မှ တပ်ဖွဲ့ဝင်များ၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

မကွေး-မင်းဘူး ကားလမ်းအတိုင်း မင်းဘူးဘက်မှ မကွေးဘက်သို့ မင်းဘူးမြို့နယ်၊ ဖလံရုံကျေးရွာနေ သိန်းထိုက်(၃၈)နှစ်မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ ထိန်လင်း(၃ဝ)နှစ် လိုက်ပါလာသည့် ၄ဝယ/xxx ၊ DAYANG-125 အနက်ရောင်ဆိုင်ကယ်သည် ဧရာဝတီတံတား (မကွေးဘက်ခြမ်း)P-1 အနီး အရောက်တွင် လမ်းဖြတ်ကူးသူ မကွေးမြို့၊ မြို့မရပ်ကွက်၊ ဘုရားလမ်းနေ ဦးသောင်းရွှေ (၇၄)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးသောင်းရွှေတွင် ဒဏ်ရာများရရှိကာ မကွေးမြို့ပြည်သူ့ ဆေးရုံကြီးသို့ ပို့အပ် ကုသစဉ် သေဆုံးသွားခဲ့ပြီး သိန်းထိုက်နှင့် ထိန်လင်းတို့တွင်လည်း ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ် မဆင်မခြင်မောင်းနှင်သူ သိန်းထိုက်အား မကွေးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၂၇/၂ဝ၁၅ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video