Monday, August 31, 2015


ပွင့်ဖြူ သြဂုတ် ၃၀
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူး နံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော် တွင် ၀ါခေါင်လပြည့်နေ့၊သြဂုတ်လ(၃၀)ရက်နေ့က ဘုရားဖူးလာပြည်သူများနှင့် အထူးစည်းကားလျက်ရှိသည်။
စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်နှင့် ငါးကျွေးဆိပ်ဖွင့်ပွဲအခမ်းအနား ကို နှစ်စဉ်ဝါဆိုလပြည့်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မြဲဖြစ်သော်လည်း ယခုနှစ် မုန်းချောင်းရေကြီး မှုများ ကြောင့် ဘုရားပွဲတော်နှင့် ငါးကျွေးဆိပ်ဖွင့်ပွဲအခမ်းအနားကို ၀ါခေါင်လဆန်း (၁၃)ရက်နေ ၊သြဂုတ်(၂၈) ရက်နေ့၌ ဘုရားကြီး၏သြ၀ါဒစရိယ ဆရာတော်ကြီးများဖြင့် ဘူးသည်ဆိပ်ကမ်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ကျောင်းတော်ရာဘုရားပွဲတော်ကို နှစ်စဉ် ၀ါတွင်းကာလ(၄)လရှိ အဖိတ်/ဥပုဒ်နေ့များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးလာပြည်သူများဖြင့် စည်းကားလျက်ရှိရာ လပြည့်နေ့များတွင် အထူး စည်းကားလျက်ရှိသည်။စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားသို့ ပွင့်ဖြူမြို့နယ် အတွင်းရှိ
ကျေးရွာများမှ မြင်းလှည်း၊နွားလှည်း၊ သုံးဘီးဆိုင်ကယ်၊ကားများဖြင့် လာရောက်ကြပြီး မုန်းချောင်း အရှေ့ဘက်ကမ်းရှိ ကျေးရွာများမှ စက်လှေ၊ရွက်လှေများဖြင့် ပျော်ရွှင်စွာ လာရောက်ဖူးမျှော်ကြသည်။ မကွေး၊မင်းဘူးမြို့များမှကားများဖြင့် လာရောက်ရာတွင် လယ်ကိုင်းကျေးရွာကျောင်းတော်ရာလမ်းခွဲမှ တဆင့် (၄-မိုင်ကွာ) သွားရောက်ဖူးမျှော်နိုင် သည်။ ညအိပ်တည်ခိုးနိုင်ရန် ဘုရားကြီး၏ ပရ၀ုဏ်အတွင်း ဇရပ်များစွာတည်ဆောက် ထားပေးပြီး ရေ/မီး စုံလင် စွာဖြင့် ဒေသထွက်သီးနှံ၊ရာသီပေါ် မုန့်မျိုးစုံ ဆိုင်များနှင့် အဆင်ပြေချောမွေ့စွာ တည်ခို ညအိပ်နိုင်အာင်စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိသည်။

 ကျောင်းတော်ရာဒေသထွက်နှီးယပ်တောင် အရောင်အသွေးစုံနှင့် ကလေး ကစားစရာ တကူးကူးရုပ်၊
ပလုပ်တုတ်နှင့်ဝက်မြေဥဆိုင်များမှ မြန်မာပြည်တွင် တွေ့မြင်ရခဲသော မြင်ကွင်းစုံ နှစ်သက်ဖွယ်ရာ ဆိုင်များကိုလည်း တွေ့မြင်နိုင်သည်။ပဒုမ္မာကြာပန်းအိုင်နှင့် နဂါးရုံဘုရား၊မင်းတုန်းမင်းကြီး လက်ထက်မှ တည်ထားကိုးကွယ်တော်မှု ခဲ့သည့် ကြေးကိုယ်တော်ကြီးဘုရားတို့တွင်လည်း ဘုရားဖူးလာပြည်သူ များ၊ဥပုဒ်သီးတင်ဆောက်တည်သူများဖြင့် စည်းကားလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်ဒေသတွင်မုန်းချောင်းရေကြီးမှုကြောင့် ရေဘေးသင့်ခဲ့သော်လည်း နှစ်စဉ်ကျင်းပမြဲဖြစ်သော

 ဂေါတမ မြတ်စွာဘုရား(၇)သီတင်းသုံးတော်မှုရာစန္ဒကူးနံ့သာကျောင်းတော် ရာ ဘုရားပွဲတော်ကို ရိုးရာဓလေ့မပျက် စည်းကား သိုက်မြိုက် စွာ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များ အေးချမ်းပျော်ရွှင်စွာ လာရောက်ဖူးမျှော်နိုင်ပါကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video