Monday, August 31, 2015




မင်းဘူး သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းကျေးရွာများသို့ သြဂုတ် ၂၄ ရက်နေ့မှ စက်တင်ဘာ ၂ ရက်အထိပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ နယ်လှည့်ကျန်းမာရေးစောင့် ရှောက်မှုလုပ် ငန်းများ ကျေးရွာအရောက် အခမဲ့ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အဖွဲ့သည် သြဂုတ် ၂၈ ရက်က စုရပ်အလှည့်ကျ ဆင်ခေါင်းကျေးရွာသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊ဇနီး ဒေါ်စန်းစန်းမြင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက တို့သည် ဆင်ခေါင်းကျေးရွာ အထက ကျောင်းသို့ရောက်ရှိ၍ PAUI (Portable Aqua Unit for Lifesaving)တစ်နိုင်တစ်ပိုင် ရေသန့်စက် လှူဒါန်းပြီး ဆရာ/ဆရာမ များအား ရေသန့်စက်အသုံးပြုပုံအဆင့်ဆင့်ကို တာဝန်ရှိသူမှရှင်းလင်းပြ သခဲ့သည်။ ၄င်းနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဆေးကုသမှုခံယူရန်ရောက်ရှိနေသော ကျေးရွာသူကျေးရွာသား များနှင့်လူနာများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဆေးကုသပေးသော ဆရာဝန် ဆရာမ များကို ဂုဏ်ပြုအားပေးစကားပြောကြားခဲ့သည်။
မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ များမှ ရောဂါဝေဒ နာရှင်များအား အခမဲ့ဆေးကုသပေးရာတွင် မျက်စိလူနာ ၁၂၆ ဦး၊သွားနှင့်ခံတွင်း ၃၂ ဦး၊တိုင်းရင်း ဆေး ၁၁၉ ဦး၊အထွေထွေ ၅၈၆ ဦး၊အရိုးအကြော ၇၁ဦးလာရောက်ဆေးကုသမှုခံယူကြကြောင်း နှင့်ကျန် ရှိနေသည့် စုရပ်ကျေးရွာများသို့ သွားရောက်ကာ ဆက်လက်ကုသပေး မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video