Monday, August 31, 2015
4:15 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
နတ်မောက် သြဂုတ် ၃၁
မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)မှကြီးကြပ်မှုဖြင့် နတ်မောက်မြို့ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဓမ္မကျောင်းတော်တမာပင်ဘုန်းတော်ကြီးကျောင်း တိုက်၊ရန်အောင်မြင်မကျီးတောဘုန်းတော်ကြီးကျောင်းတိုက်နှင့်စည်သာစန်းတောဘုန်းတော်ကြီးကျောင်း
တိုက်များသို့သြဂုတ်၃၀ရက်ကဓမ္မကျောင်းတော်ဖွင့်ပွဲအခမ်းအနားများပြုလုပ်ခဲ့ကြောင်းသိ
ရသည်။
အဆိုပါအခမ်းအနားများသို့တောင်တွင်းကြီးမြို့ဘုံကျော်ကျောင်းဆရာတော်ဦး
ဝိလာသ၊မြို့နယ်သံဃာ့နာယကဥက္ကဌဆရာတော်ဦးဝါယမနှင့်ဆရာတော်များမှဗုဒ္ဓဘာသာယဉ်ကျေး
လိမ္မာဓမ္မကျောင်း(၃)ကျောင်းဖွင့်ပွဲအခမ်းအနားများသို့ဓမ္မကျောင်းတော်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်
များနှင့်တိုင်းပြည်ရဲ့အနာဂတ်ကိုပိုင်ဆိုင်ထားကြတဲ့လူငယ်မောင်မယ်တွေယဉ်ကျေးလိမ္မာပြီးစာရိတ္တ
မဏ္ဍိုင်မြင့်မားကာအမျိုးဘာသာသာသနာတော်ကိုချစ်မြတ်နိုးတတ်တဲ့လူတော်လူကောင်းတွေပေါ်ထွန်း
လာစေဖို့မြွတ်ကြားပေးခဲ့ပြီးအလှူရှင်များကဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာဓမ္မကျောင်း(၃)ကျောင်းသို့ပုံဆွဲ
စာအုပ်ဝါ၊စိမ်း၊နီ၊ပြာစာအုပ်များ၊ဗလာစာအုပ်များ၊အခြေခံဖတ်စာအုပ်များ၊ဖတ်စာ(၁)၊ဖတ်စာ(၂)များ၊ဦးချနည်း
ဗွီနိုင်းများနှင့်ဆရာကိုင်စာအုပ်များပေးအပ်လှူဒါန်းခဲ့ပြီးမြို့ပေါ်ရှိတမာပင်ဘုန်းတော်ကြီးကျောင်းတိုက်ဗုဒ္ဓဘာ
သာယဉ်ကျေးလိမ္မာဓမ္မကျောင်းသား\သူ(၃၁၅)ဦး၊ရန်အောင်မြင်မကျီးတောဘုန်းတော်ကြီးကျောင်း
တိုက်ကျောင်းသား\သူ(၁၅၀)ဦးနှင့်စည်သာကျေးရွာစန်းတောဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်း
၊ကျောင်းသား\သူ(၁၅၆)ဦးတို့မှတက်ရောက်မည့်သင်တန်းသား\သူလေးများဖြစ်သည်။
ထို့နောက်အခမ်းအနားသို့မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)မှ
ဆရာတော်များနှင့်အလှူရှင်များ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊မြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဌနှင့်ကော်မတီဝင်များ၊ကျောင်းသား\သူများ၊ဆရာ၊ဆရာမ
များနှင့်ကျေးရွာပြည်သူများတတ်က်ရောက်ကြကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment