Friday, August 28, 2015
3:54 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပွင့်ဖြူ သြဂုတ် ၂၇
မကွေးခရိုင်ပညာရေးမှူးရုံး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မကွေးခရိုင်အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံး(၆)ရုံးရှိ ပညာရေးဝန်ထမ်း မိသားစုများမှ သဘာဝဘေး အန္တရာယ်ကြောင့် ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သော ပွင့်ဖြူမြို့နယ်အတွင်းရှိ ရေဘေးသင့်ပညာရေးဝန်ထမ်းများနှင့်ရေဘေး သင့်ကျောင်းသား ကျောင်း သူများအတွက် လှူဒါန်းပေးအပ်ခြင်းကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ရာ မကွေးခရိုင်ပညာရေးမှူး ဦးကျော်ကျော်ဦးမှ ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်သီတာထွန်းထံသို့ ငွေကျပ်(၁၀)သိန်းအားပေး အပ်လှူဒါန်းခဲ့သည်။
ပွင့်ဖြူမြို့နယ် အတွင်းရှိ ရေဘေးသင့်ခဲ့သော ကျောင်းပေါင်း(၁၂၈)ကျောင်းတွင် အထက်တန်းကျောင်း သားကျောင်းသူ (၂၉၄၆)ဦး၊ အလယ်တန်းကျောင်းသား /သူ (၈၂၅၆) ဦး၊မူလတန်းကျောင်းသားကျောင်းသူ (၁၁၉၈၅)ဦး၊စုစုပေါင်း(၂၃၁၈၇)ဦးရှိခဲ့ပြီး ရေဘေးသင့်ခဲ့သော ပညာရေးဝန်ထမ်းပေါင်း(၁၂၁၀)ဦး
ရှိကြောင်း သိရသည်။ ရေကြီးနစ်မြုပ်မှုတွင် ပျက်စီးသွားသော ကျောင်း (၅)ကျောင်းရှိခဲ့ရာ အမက မင်းမြေကွက်သစ်ကျောင်း၊အလကခွဲ ဆည်တော်ကျောင်း၊ အထကခွဲ ထနောင်းကုန်း၊ အမကမုန်းမြင့်တို့
၏ကျောင်းများအား အဆောက်အဦးသစ်ဆောက် လုပ်ပေးနိုင်ရန်အတွက် ပညာရေးဦးစီးဌာန သို့တင်ပြဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment